
တစ်လုံးတည်းပင်စင်လဲလှယ်ခဲ့သူများသည် ပင်စင်လစာထုတ်ယူခွင့်ရှိသည့် ကာလတစ်လျှောက်လုံး ဆက်လက်ခံစားခွင့်မရှိတော့သည့်အပြင် မိသားစုပင်စင်၌လည်း ဆက်လက်ခံစားခွင့်မရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်၌ ရှင်းလင်းခဲ့သည်။
စက်တင်ဘာ ၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းက ပင်စင်တစ်စိတ်တစ်ပိုင်း လဲလှယ်ထုတ်ယူခဲ့ကြသည့် ပင်စင်စားကြီးများ၏ ထုတ်ယူရရှိငွေကို နှစ်ပေါင်းများစွာ ဆက်လက်ခုနှိမ်ဖြတ်တောက်ခံနေရခြင်းကိစ္စကို ပယ်ဖျက်ခွင့် ပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ် ဒုတိယဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးက “တစ်လုံးတည်းပင်စင် လဲလှယ်ခဲ့သူတွေဟာ မြို့ပြပင်စင်လဲလှယ်ခြင်းဆိုင်ရာ နည်းဥပဒေအရ တစ်လုံးတည်း ပင်စင်လဲလှယ်ထုတ်ယူခဲ့တဲ့ ငွေပမာဏကို ပင်စင်လစာ ထုတ်ယူခွင့်ရှိတဲ့ ကာလတစ်လျှောက်လုံး ဆက်လက်ခံစားခွင့် မရှိတော့တဲ့အပြင် နောက်အိမ်ထောင်မပြုတဲ့ ကျန်ရစ်သူ ဇနီး သို့မဟုတ် ခင်ပွန်းတို့အား ခွင့်ပြုတဲ့ မိသားစုပင်စင်မှာလည်း ဆက်လက်ခံစားခွင့်မရှိတော့ခြင်းဖြစ်ပါတယ်” ဟု လွှတ်တော်၌ ပြောကြားခဲ့သည်။
တစ်လုံးတည်းပင်စင် လဲလှယ်ရာတွင် ယခင်က ပင်စင်လစာ ၃၀၀ ရရှိသည့် အငြိမ်းစားသည် ၎င်းင်း၏ပင်စင်လစာထဲမှ ကျပ် ၅၀ ကို တစ်လုံးတည်းလဲလှယ်ပါက မြန်မာနိုင်ငံ မြို့ပြပင်စင်လဲလှယ်ခြင်းဆိုင်ရာ နည်းဥပဒေ ၈ (၃) အရ အဆိုပါ ကျပ် ၅၀ သည် အပြီးအပြတ် ရပ်ဆိုင်းသွားပြီဖြစ်၍ လက်ကျန်ပင်စင် ၂၅၀ ကျပ်ကိုသာ ဆက်လက်ခံစားခွင့်ရှိကြောင်း၊ ၎င်းကွယ်လွန်ပါက နောက်အိမ်ထောင်မပြုသည့် ကျန်ရစ်သူ ဇနီး သို့မဟုတ် ခင်ပွန်းတို့အား မိသားစုပင်စင် ခံစားခွင့်ပြုရာတွင်လည်း လဲလှယ်ပြီး လက်ကျန်ပင်စင်လစာ ကျပ် ၂၅၀ အပေါ်၌သာ ပင်စင်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ တွက်ချက်ခွင့်ပြုမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ပင်စင်လစာများ တိုးမြှင့်ခွင့်ပြုသည့်အချိန်များတွင်လည်း တစ်လုံးတည်းလဲလှယ်ပြီးနောက် လက်ကျန်ပင်စင်လစာ အပေါ်၌သာ တွက်ချက်တိုးမြှင့်မည်ဖြစ်ကြောင်း၊ထို့အတွက် တစ်လုံးတည်းပင်စင် လဲလှယ်ထားမှုများအပေါ် နှစ်ပေါင်းများစွာ ဆက်လက် ခုနှိမ်ဖြတ်တောက်နေခြင်း မဟုတ်ကြောင်း၊ ပင်စင်စားသည် တစ်လုံးတည်းပင်စင်လဲလှယ်ခဲ့ပါက လဲလှယ်ပြီးငွေ အစိတ်အပိုင်းသည် လဲလှယ်သည့်အချိန်မှစ၍ အပြီးအပြတ်ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း၊ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ မြို့ပြပင်စင်လဲလှယ်ခြင်းဆိုင်ရာ နည်းဥပဒေ ၈ (၃) တွင် တစ်လုံးတည်းလဲလှယ်ခဲ့သည့် အစိတ်အပိုင်းသည် လဲလှယ်ခွင့်ပြုသည့်နေ့မှစ၍ ရပ်ဆိုင်းသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ၎င်းပြဋ္ဌာန်းချက်အရ ပင်စင်လစာများ တိုးမြှင့်ခွင့်ပြုသည့်အချိန်တွင် လက်ကျန်ပင်စင်လစာအပေါ်တွင်သာ ပင်စင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တွက်ချက်၍ တိုးမြှင့်ခံစာခွင့်ပြုခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်