
အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever) နိုင်ငံအတွင်း ကူးစက်မှု မရှိစေရန် ရောဂါဖြစ်ပွားသော နိုင်ငံများမှ ဝက်နှင့်ဝက်ထွက်ပစ္စည်းများ တင်သွင်းမှု ယာယီပိတ်ပင်ထားဆဲဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) က ရောဂါကင်းစင်ကြောင်း တရားဝင်ကြေညာမှသာ ပြန်လည်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်က ပြောကြားသည်။
“ကူးစက်ရောဂါဖြစ်ပွားတယ်လို့ သတ်မှတ်ခံထားရတဲ့နိုင်ငံတွေက ဝက်နဲ့ဝက်ထွက်ပစ္စည်းတွေကို ယာယီပိတ်ထားဆဲပါပဲ။ ကူးစက်ရောဂါဖြစ်ပွားနေဆဲ စာရင်းဝင်နိုင်ငံတွေကို ပိတ်ထားပေမယ့် ရောဂါမဖြစ်တဲ့ နိုင်ငံတွေက ဝက်နဲ့ဝက်ထွက်ပစ္စည်းတွေကိုတော့ သတ်မှတ်တဲ့လုပ်ထုံးလုပ်နည်းနဲ့အညီ ခွင့်ပြုပေးနေပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေက သူတို့နိုင်ငံမှာ ရောဂါကင်းစင်သွားပြီဖြစ်ကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ကို အသိပေးပြီး အဲဒီအဖွဲ့က တရားဝင်ကြေညာပြီဆိုရင်တော့ ပြန်လည်တင်သွင်းခွင့်ပြုမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမင်းသိမ်းမော်က ပြောကြားသည်။
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံအချို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေသည့် ဝက်များကို လူအများက ပြုပြင်ထုတ်လုပ် သယ်ဆောင်ရောင်းချမှုကြောင့် ရောဂါပျံ့နှံ့မှု မြင့်မားနေ၍ တရားမဝင်ရောင်းဝယ်မှုများကို တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် မတ်လအတွင်းက တရုတ်နိုင်ငံတွင် အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever) ကျရောက်ဖြစ်ပွားပြီး ဝက်အများအပြားသေဆုံးခြင်းကြောင့် မြန်မာနိုင်ငံသို့ ရောဂါပိုးကူးစက် ဝင်ရောက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရန်အတွက် တရုတ်နိုင်ငံနှင့် ရောဂါဖြစ်ပွားနေသောနိုင်ငံများမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ပေါက်များနှင့် လေဆိပ်/ရေဆိပ်များမှတစ်ဆင့် သယ်ယူခြင်း၊ ဝယ်ယူခြင်းနှင့်ရောင်းချခြင်းများ မပြုလုပ်ရန် တားဆီးပိတ်ပင်ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်ဆိုင်ရာ ပို့ကုန်သွင်းကုန်စစ်ဆေး ထိန်းသိမ်းရေးဌာနစိတ်က ထုတ်ပြန်ကြေညာထားသည်။
အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊ ဝက်ခြံများနှင့်သားငါးစျေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊ အိမ်မွေးဝက်များကို အပူပြင်းပြင်းဖြင့် ချက်ပြုတ်ထားခြင်းမရှိသော စားသောက်ဆိုင်များမှ စားကြွင်း၊ စားကျန်ကျွေးခြင်းမပြုလုပ်ရန်၊ အခြားခြံမှအသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ရန်၊ အသက်အရွယ်တူ ဝက်များကိုသာ အတူတူမွေးမြူရန်၊ အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းမွန်စေရန်၊ ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊ ဝယ်ယူသည့် ဝက်များကို မိမိခြံရှိဝက်များနှင့်မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှမွေးမြူရန်၊ ပြည်ပမှတရားမဝင်တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန်၊ တောဝက်နှင့်အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊ တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန် အသိပေးနှိုးဆော်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်