Top News

နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေ ကျပ် ၄၂၄၄၉ ဘီလျံကျော်ရှိပြီး ယခင်သုံးလနှင့် နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များ၌ အပ်ငွေရရှိမှု ကျပ် ၁၂၇ ဘီလျံ၊ ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၆၇၇ ဘီလျံ မြင့်တက်
24htopnews | January 1, 2025 6:12 AM CST

၂၀၁၈ ခုနှစ် ဒီဇင်ဘာ၌ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေ ကျပ် ၄၂၄၄၉ ဘီလျံကျော်ရှိပြီး ယခင်သုံးလနှင့် နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၁၂၇ ဘီလျံ၊ ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၆၇၇ ဘီလျံမြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume IV) အရ သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေ ကျပ် ၃၁၈၀၇ ဘီလျံ ရှိသည့်အနက်  Deposit of Financial Institutions တွင် ကျပ် ၃၄၉ ဒသမ ၆၀၉ ဘီလျံရှိပြီး Deposit by NFIs and Other Clients တွင် ကျပ် ၃၁၄၅၇ ဒသမ ၉၀၂ ဘီလျံ ရှိခြင်းဖြစ်သည်။ Deposit of Financial Institutions ၌ Demand Deposits of Banks တွင် ကျပ် ၁၁၉ ဒသမ ၆၈၀ ဘီလျံ၊ Time Deposits of Banks တွင် ကျပ် ၂၂၇ ဒသမ ၄၁၀ ဘီလျံ၊ Deposits of OFIs တွင် ကျပ် ၂ ဒသမ ၅၁၉ ဘီလျံအပ်နှံထားသည်။ Deposit by NFIs and other Clients ၌ Demand Deposits တွင် ကျပ် ၂၈၈၅ ဒသမ ၅၇၁ ဘီလျံ၊ Time Deposits တွင် ကျပ် ၁၀၁၁၆ ဒသမ ၅၄၁ ဘီလျံ၊ Savings Deposits တွင် ကျပ် ၁၈၄၅၅ ဒသမ ၇၈၈ ဘီလျံအပ်နှံထားခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေ ကျပ် ၁၀၆၄၁ ဘီလျံအနက်  Deposit of Financial Institutions တွင် ကျပ် ၂၂၂၂ ဒသမ ၉၇၉ ဘီလျံရှိပြီး Deposit by NFIs and Other Clients တွင် ကျပ် ၈၄၁၈ ဒသမ ၇၂၂ ဘီ လျံရှိခြင်းဖြစ်သည်။ Deposit of Financial Institutions ၌ Demand Deposits of Banks တွင် ကျပ် ၂၂၂၂ ဒသမ ၉၇၉ ဘီလျံ အပ်နှံထားသည်။ Deposit by NFIs and Other Clients ၌ Demand Deposits တွင် ကျပ် ၂၉၁၂ ဒသမ ၇၇၂ ဘီလျံ၊ Time Deposits တွင် ကျပ် ၅၆၇ ဒသမ ၆၅၂ ဘီလျံ၊ Savings Deposits တွင် ကျပ် ၄၉၃၈ ဒသမ ၂၉၇ ဘီလျံအပ်နှံထားခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် အပ်ငွေပမာဏများမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၂၃၃၂၄ ဒသမ ၃၈၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၂၄၈၁၇ ဒသမ ၅၆၉ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၂၆၅၆၀ ဒသမ ၈၂၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၂၇၃၆၀ ဒသမ ၈၆၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၂၈၅၉၈  ဒသမ ၈၃၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၂၉၆၀၆ ဒသမ ၉၄၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၃၁၁၂၉ ဒသမ ၈၄၆ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၃၁၈၀၇ ဒသမ ၅၁၂ ဘီလျံတို့ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ နိုင်ငံပိုင်ဘဏ်များတွင် အပ်နှံထားသည့် အပ်ငွေပမာဏများမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၉၉၇၉ ဒသမ ၃၄၅ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၀၄၅၁ ဒသမ ၄၂၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၀၆၅၂ ဒသမ ၈၈၁ ဘီလျံ၊ ၂၀၁၇ ခုနှစ်  ဒီဇင်ဘာတွင် ကျပ် ၁၀၆၉၁ ဒသမ  ၈၁၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၁၄၃၆ ဒသမ ၄၉၅ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ်  ၁၀၀၄၀ ဒသမ ၈၀၇ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၀၅၁၃ ဒသမ ၉၀၁ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၀၆၄၁ ဒသမ ၇၀၂ ဘီလျံတို့ဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်နှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင်ရှိသော အပ်ငွေစုစုပေါင်းကို နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေ ကျပ် ၇၉၄ ဒသမ ၇၉၃ ဘီလျံလျော့ကျခဲ့ပြီး ပုဂ္ဂလိကဘဏ်များတွင် ကျပ် ၃၂၀၈ဒသမ ၆၇၈ ဘီလျံမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ်လေးဘဏ်၊ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်၊ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ၄၅ ခုဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ပုဂ္ဂလိကဘဏ်ခွဲပေါင်း  ၁၈၀၀ ကျော်ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK