
ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရေလှောင်တမံများအနက် ရေလှောင်တမံ ၃၇ ခု၏ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး ဖြူးချောင်း ရေလှောင်တမံတွင် ရေပိုလွှဲမှ ငါးပေကျော်၊ မုန်းချောင်းရေလှောင်တမံတွင် ရေပိုလွှဲမှ ၃ ဒသမ ၆ ပေနှင့် ကြီးအုံကြီးဝရေလှောင်တမံတွင် ရေပိုလွှဲမှ ၄ ဒသမ ၅ ပေအထိ ရေကျော်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ထားသည့် ရေပိုလွှဲမှ ရေကျော်နေသည့် ရေလှောင်တမံများစာရင်းအရ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ရေဘုတ် ရေလှောင်တမံတွင် ရေပိုလွှဲမှ အမြင့် ၁ ဒသမ ၉ ပေအထိလည်းကောင်း၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ လိုင်ဗားရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့်ပေ သုည ဒသမ ၉ ပေအထိရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းရှိ ရာဇဂြိုဟ်ရေ လှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် ၂ ဒသမ ၃ ပေရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းရှိ ပသိရေလှောင်တမံတွင် ရေပိုလွှဲမှ သုည ဒသမ ၆ ပေ၊ အုတ်တွင်းမြို့နယ် အတွင်းရှိ ရေသိုးလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် ၂ ဒသမ ၄ ပေအထိ လည်းကောင်း၊ မင်းရဲရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် သုည ဒသမ ၉ ပေအထိရှိကြောင်း၊ ဖြူးမြို့နယ်အတွင်းရှိ ငမြွေရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့်ပေ သုည ဒသမ ၆ ပေအထိ ရှိနေကြောင်း၊ ဖြူးချောင်း ရေလှောင်တမံတွင် ရေပိုလွှဲမှ ၅ ဒသမ ၀၅ ပေအထိလည်းကောင်း၊ ဘောနီရေလှောင်တမံတွင် ရေပိုလွှဲမှ ၁ ဒသမ ၂ ပေအထိ၊ ရွှေပြည် (၃) ရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် သုည ဒသမ ၆ ပေအထိ ရှိနေကြောင်း၊ ဘောနီရေလှောင်တမံတွင် ရေပိုလွှဲမှ ၁ ဒသမ ၂ ပေအထိလည်းကောင်း၊ ပျဉ်ပုံကြီး ရေလှောင်တမံတွင် ရေပိုလွှဲမှ နှစ်ပေ၊ မဇင်း ရေလှောင်တမံတွင် ရေပိုလွှဲမှ ၁ ဒသမ ၃ ပေ၊ ဇလက်ထောက် ရေလှောင်တမံတွင် ရေပိုလွှဲမှ ၁ ဒသမ ၂ ပေအထိ ရေကျော်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ် တောင်ညိုရေလှောင်တမံတွင် ရေပိုလွှဲမှ ၂ ဒသမ ၈ ပေအထိ လည်းကောင်း၊ ဘော်ဘင် ရေလှောင်တမံ (၂) တွင် ရေပိုလွှဲမှ တစ်ပေ၊ သဲကောရေလှောင်တမံတွင် ရေပိုလွှဲမှ ၁ ဒသမ ၆ ပေ၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းရှိ မြစ်သာရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် ၂ ဒသမ ၃ ပေအထိ လည်းကောင်း၊ ဝန်ချောင်း (ကဇွန်းမ) ရေလှောင်တမံတွင် ရေပိုလွှဲမှ သုည ဒသမ ၃ ပေ အထိ၊ စေတုတ္တရာမြို့နယ်အတွင်းရှိ မုန်းချောင်းရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် ၃ ဒသမ ၆ ပေအထိလည်းကောင်း၊ ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် ၁ ဒသမ ၅ ပေအထိ လည်းကောင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့်ပေ ၄ ဒသမ ၅ ပေအထိ၊ ပဒဲရေလှောင်တမံတွင် ရေပိုလွှဲမှ ၁ ဒသမ ၁ ပေအထိ ရေကျော်နေကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး လွန်ငင်ရေလှောင်တမံတွင် ရေပိုလွှဲမှ သုည ဒသမ ၄ ပေ အထိ၊ ချောင်းကောက်ရေလှောင်တမံတွင် ရေပိုလွှဲမှ သုည ဒသမ ၄ ပေအထိ၊ မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ၀ါးပါးရေလှောင်တမံတွင် ရေပိုလွှဲမှ သုည ဒသမ ၅ ပေအထိ၊ ကတိုက်ရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့်နှစ်ပေအထိ လည်းကောင်း၊ မော်လမြိုင်ခရိုင်အတွင်းရှိ ရွှေနတ်တောင် ရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် ပေ ၁ ဒသမ ၂ အထိလည်းကောင်း၊ အဇင်း ရေလှောင်တမံတွင် ရေပိုလွှဲမှ သုည ဒသမ ၅ ပေအထိ လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းရှိ ပြိုင်းချောင်း ရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့်ပေ သုည ဒသမ ၂ အထိ လည်းကောင်း၊ ကြက်တက် ရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော်အမြင့် သုည ဒသမ ၁ ပေအထိလည်းကောင်း၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရှောက်ချောင်းရေလှောင်တမံတွင် ရေပိုလွှဲမှ သုည ဒသမ ၃ ပေအထိ၊ ရန်ကုန်တိုင်းဒေသ ကြီး ဘန့်ဘွေးကုန်းရေလှောင်တမံတွင် ရေပိုလွှဲမှ သုည ဒသမ ၆၇ ပေအထိ၊ ငမိုးရိပ်ရေ လှောင်တမံတွင် ရေပိုလွှဲမှ ၁ ဒသမ ၃ ပေအထိ၊ ဇာမဏီအင်းရေလှောင်တမံတွင် ရေပိုလွှဲမှ သုည ဒသမ ၅၅ ပေအထိ လည်းကောင်း ရေကျော်လျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းရှိ ကညင်ရေလှောင်တမံတွင် ရေပိုလွှဲမှ ၁ ဒသမ ၅ပေ၊ နန်ကသူရေလှောင်တမံတွင် ရေပိုလွှဲမှ တစ်ပေရေကျော်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်