Top News

Facebook တွင် စီးပွားရေးလုပ်ငန်းများအတွက် တစ်နှစ်လျှင် ဒေါ်လာသန်း ၅၀၀ သုံးစွဲပြီး Boost လုပ်နေရမှုအပေါ် မမှန်ကန်ကြောင်း ငြင်းဆန်ပြီး အစိုးရအား အခွန်ဆောင်ရမှုနှင့် ပတ်သက်ပြီး ပြောလို့မရကြောင်း Facebook တာဝန်ရှိသူ ပြောကြား
24htopnews | January 1, 2025 6:12 AM CST

Facebook တွင် စီးပွားရေးလုပ်ငန်းများအတွက် တစ်နှစ်လျှင် ဒေါ်လာသန်း ၅၀၀ သုံးစွဲပြီး Boost လုပ်နေရမှုအပေါ် မမှန်ကန်ကြောင်းငြင်းဆန်ပြီး အစိုးရအား အခွန်ဆောင်ရမှုနှင့်ပတ်သက်ပြီး ပြောလို့မရကြောင်း Facebook မှ မဟာဗျူဟာမြောက် တုံံ့ပြန်ဖြေရှင်းရေးအဖွဲ့၏ Regional Program မန်နေဂျာ Sarah oh က ပြောကြားသည်။

စက်တင်ဘာ ၅ ရက်က ရန်ကုန်မြို့ Novotel Hotel ရှိ Royal Pavilion စားသောက်ဆိုင်တွင်ပြုလုပ်သည့် Facebook ၏ လူမှုအသိုက်အဝန်း ဘေးကင်းလုံခြုံမှုရှိစေရန် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေရာဒေသအနှံ့အပြားတွင် ပြုလုပ်လျက်ရှိသော ဒီဂျစ်တယ်အသိပညာပေး အစီအစဉ်များကို ပံ့ပိုးကူညီရန် Facebook မှ လုပ်ဆောင်ထားမှုများ အသိပေးရှင်းလင်းပွဲတွင် ကြော်ငြာအေဂျင်စီများ၏ ခန့်မှန်းချက်အရ တစ်နှစ်လျှင် ကြော်ငြာအတွက် ဒေါ်လာသန်း ၅၀၀ သုံးစွဲရမှုနှင့် အစိုးရအား အခွန်ဆောင်ရမှုများနှင့် ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Facebook မှ မဟာဗျူဟာမြောက်တုံ့ပြန်ဖြေရှင်းရေးအဖွဲ့၏  Regional Program မန်နေဂျာ Sarah oh က “အမေရိကန်ဒေါ်လာ သန်း ၅၀၀ က တစ်နှစ်ကိုဆိုတာနဲ့ ပတ်သက်ပြီးတော့ Facebook အနေနဲ့ ချဲ့ကားပြီး ပြောတဲ့  Amount လို့ ထင်ပါတယ်။ မမှန်ကန်နိုင်ပါဘူး။ ဒါပေမဲ့ အခွန်ပိုင်းနဲ့ပတ်သက်ပြီးတော့ ပြောလို့မရပေမယ့် မြန်မာပြည်အတွက်ကို ဘာပြန်လုပ်ပေးရမလဲဆိုတာတော့ ပြောလို့ရပါတယ်။ အဲဒါက မြန်မာပြည်အတွက် ပြုပြင်ပြောင်းလဲမှုအတွက် ပိုပြီးပြောင်းလဲမှုအတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ ဇော်ဂျီကနေ ယူနီကုတ်ပြောင်းတာရယ်၊ ဒစ်ဂျစ်တယ် အသိပညာရင်းနှီးမှုဆောင်ရွက်မှုအပိုင်းတွေမှာ ပြန်ပြီးတော့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်မှုတွေ ဆောင်ရွက်နေပါတယ်” ဟု ဖြေကြားသည်။

ယခင်နှစ်များတွင် Facebook အသုံးပြုနေသည့် မြန်မာနိုင်ငံမှ လူမှုအသိုင်းအဝိုင်းများအတွက် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများရစေရန် လူ့စွမ်းအားအရင်းအမြစ်များ၊ နည်းပညာများနှင့် ပူးပေါင်းဆောင်ရွက်မှု အပိုင်းများတွင် သိသိသာသာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယူနီကုဒ်ပြောင်းလဲအသုံးပြုနေသည့် ကာလများတွင် အထောက်အကူဖြစ်စေရန်  Facebook အသုံးပြုသူ အသစ်များအတွက် စနစ်ထဲမှ ဘာသာစကားရွေးချယ်ရန်နေရာတွင် ဇော်ဂျီကိုဖယ်ရှားခဲ့ကြောင်း၊ ယူနီကုဒ်သုံးသည့်စက်များတွင် အကြောင်းအရာများ ကြည့်ရှုရာတွင် အဆင်ပြေရန် Font Converter များရရှိရန် လုပ်ဆောင်နေကြောင်း သိရသည်။         

 

 


READ NEXT
Cancel OK