
ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း မိုင်တိုင်အမှတ်( ၁၈ )မိုင် (၅)ဖာလုံခန့်တွင် ဘောက်ဆာယာဉ်တစ်စီးသည် တင်လဲရည်များတင်ဆောင်လာပြီး ပြင်ဦးလွင်မှ မန္တလေးသို့ မောင်းနှင်လာစဉ်ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲလမ်း၏ ဘယ်ဘက်အခြမ်းသို့ တိမ်းမှောက်မှု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် နေ့ ၁၁ နာရီအချိန်ဝန်းကျင်က ဖြစ်ပွားခဲ့ရာ တင်လဲရည်များလမ်းမပေါ်တွင် ယိုဖိတ်မှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးတပ်ဌာနမှ သတင်းရရှိပါသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အတက်လမ်းညာဘက်အခြမ်းတွင် မောင်းနှင်လာသော အိမ်စီးကားနှစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ ထိခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဆက်လက်သတင်းရရှိပါသည်။
ဖြစ်စဉ်ဖြစ်ပွားရာသို့ ပြင်ဦးလွင် ခရိုင်မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် ငါးဦး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်မှ သန္ဓေတပ်ဖွဲ့ဝင် ခြောက်ဦး မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ဗဟိုမီးသတ်သင်တန်း ကျောင်းမှ သန္ဓေတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ရှာဖွေကယ်ဆယ် ရေးယာဉ်တစ်စီး၊ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် ငါးဦး မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ပုသိမ်ကြီးမြို့နယ် စေတနာမွန် လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ် တစ်စီး၊ယာဉ်ထိန်းရဲများနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှလည်း ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ရရှိခဲ့ကြောင်း ၊ တင်လဲရည်များသည် ၅ ဖာလုံခန့်အကွာထိ ပြန့်နှံဖိတ်စင်နေမှုအား မီးသတ်ယာဉ်ပါရေများဖြင့် ဆေးကြောခြင်း၊ သဲများဖြင့် ဖုံးအုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကြောင့် ခရီးသွားလာမှုလမ်းအား ယာယီပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး တင်လဲရည်များ တင်ဆောင်လာသည့်ကားအား တင်လဲရည်များထုတ်ယူ၍ (၁၀)တန် ကရိန်းကားနှစ်စီးဖြင့် ထောင်မတ်ရာ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် ပြန်လည်ထောင်မတ်နိုင်ခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ခရီးသွားလာမှုလမ်းကြောင်းများ ပြန်လည်ပေးဆွဲကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းအား ပြင်စာနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်