Top News

24htopnews | December 31, 2024 3:12 PM CST

စက်မှုဇုန်များတွင် ဇန်နဝါရီ ၃ ရက်အထိ လျှပ်စစ်ဓာတ်အားပေးခြင်းများကို ယာယီရပ်နားထားကြောင်း သိရသည်။

ရတနာနှင့် ဇောတိကဓာတ်ငွေ့ပိုက်လို်င်း ပြင်ဆင်မှုများ ဆောင်ရွက်နေသဖြင့် ဓာတ်အားထုတ်လုပ်မှု လျော့နည်းမည်ဖြစ်ရာ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များအနေဖြင့် ဇန်နဝါရီ ၃ ရက်မှသာ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိမည်ဖြစ်ကြောင်း သာကေတစက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

“EPC ဘက်ကတော့ ဇန်နဝါရီ ၃ ရက်မှ ရမယ်လို့ ပြောတယ်။ အခုကတော့ မီးပြန်မရသေးဘူးပေါ့” ဟု သာကေတစက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် တစ်ရက်လျှင် ၄ နာရီသာ လျှပ်စစ်မီးပေးနေပြီး ယင်းသို့ပေးနေသော်လည်း လျှပ်စစ်မီးပြတ်တောက်မှုများ ရှိနေကြောင်း သိရသည်။

လွန်ခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက စက်မှုဇုန်များအနေဖြင့် လျှပ်စစ်မီးကို တစ်ရက်လျှင် လေးနာရီသာ ရရှိမည်ဟု သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန်ပြန်လည်ရရှိခဲ့ရာမှ အောက်တိုဘာ ၃၁ ရက်မှ စတင်ကာ တစ်ရက်လျှင် လေးနာရီသာပေးတော့မည်ဟု ပြန်လည်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

စက်တင်ဘာ ၁ ရက်မှစတင်၍ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး အိမ်သုံးများအတွက် ယခင်အများဆုံး ကျပ် ၁၂၅ မှ ယခုကျပ် ၃၀၀ အထိ လည်းကောင်း၊ လုပ်ငန်းသုံးများအတွက် ယခင်အများဆုံး ကျပ် ၁၈၀ မှ ယခုကျပ် ၅၀၀ အထိ တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ အသိပေး ကြေညာခဲ့သည်။


READ NEXT
Cancel OK