Top News

လာကာဇက်သည် မိမိအတွက် အရေးပါနေဆဲဟု အာတီတာ ပြောကြား     
24htopnews | December 31, 2024 9:12 AM CST

အာဆင်နယ်နည်းပြ အာတီတာက တိုက်စစ်မှူး လာကာဇက်သည် မိမိအတွက် အရေးပါနေဆဲကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် လာကာဇက်ကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် စီစဉ်ထားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ 

သို့သော် အာတီတာက လာကာဇက်မှာ အသင်းအတွက် အရေးပါဆဲ ကစားသမားတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အာတီတာက "ကျွန်တော် ဒီအသင်းကို ရောက်ကတည်းက သူဟာ အရေးပါတဲ့ကစားသမားဖြစ်ခဲ့သလို၊ အခုလည်း အရေးပါနေတုန်းပါပဲ။ သူ့ရဲ့ စိတ်ဓာတ်ပြင်းထန်မှုကလည်း သံသယဖြစ်စရာမရှိပါဘူး။ သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ဆက်ရှိပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

အသက်(၃၀)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး လာကာဇက်သည် ယခုရာသီတွင် အာဆင်နယ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၅)ပွဲသာ ကစားထားရသော်လည်း (၃)ဂိုး သွင်းယူပေးထားသည်။ 

လာကာဇက်ကို ခေါ်ယူရန် ဂျူဗင်တပ်စ်၊ အက်သလက်တီကိုမက်ဒရစ်တို့အပါအဝင် ဥရောပထိပ်တန်းအသင်းအချို့က စိတ်ဝင်စားနေကြောင်း သိရသည်။ 


READ NEXT
Cancel OK