
ဘိုင်ယန်မြူးနစ်- ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ည ၈:၀၀ နာရီ)
ဟော်ဖန်ဟင်မ်အသင်းက ဘိုင်ယန်မြူးနစ်ကို မကြာခဏဒုက္ခပေးတတ်တဲ့ အသင်းစာရင်းထဲ ပါဝင်ပါတယ်။ ရာသီတိုင်းနီးပါးလည်း ဘိုင်ယန်ကို ဟော်ဖန်ဟင်မ် တစ်ပွဲလောက်တော့ အနိုင်ကစားခဲ့တာ တွေ့ရတယ်။ ဘိုင်ယန်အသင်း ကြားရက်မှာ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ပွဲကျပ်ကစားထားရလို့ ပွဲပန်းနေနိုင်ပေမဲ့ အသင်းတိုက်စစ်အားက ပြည်တွင်းမှာ တားဆီးနိုင်တဲ့အသင်း မရှိသလိုဖြစ်နေတယ်။ နောက်ဆုံးကစားထားတဲ့ ဘွန်ဒစ်လီဂါအိမ်ကွင်းပွဲမှာ ဖရန့်ဖတ်ကို အရေးနိမ့်ထားခဲ့မှုအတွက် ဘိုင်ယန်အသင်း ဂုဏ်သိက္ခာပြန်ဆယ်ဖို့လည်း လိုအပ်နေတယ်။ ဘိုင်ယန်ကိုပဲ ကြိုက်တယ်။
လိုက်ပ်ဇစ် - ဂရိုင်သာဖက်သ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ည ၈:၀၀ နာရီ)
လိုက်ပ်ဇစ်အသင်း ချန်ပီယံလိဂ်က ထွက်ရသလောက် ဖြစ်သွားလို့ ဘွန်ဒစ်လီဂါဘက်ကို ပိုတင်ကစားလာနိုင်ပြီး အိမ်ကွင်းပွဲတွေမှာလည်း ဂိုးမြူးတာများပါတယ်။ လိုက်ပ်ဇစ် (၃)ဂိုးလောက်တော့ ပြတ်မှာပါ။
ဝုလ်ဖ်ဘတ် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ည ၈:၀၀ နာရီ)
ကြားရက်မှာ ဆာလ်ဇ်ဘာ့ဂ်အသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲ ကစားထားရတဲ့ ဝုလ်ဖ်ဘတ်အသင်း ပွဲပန်းနေသလို၊ လက်ရှိအသင်းခြေစွမ်းပိုင်းကလည်း ရှုံးပွဲဆက်နေတဲ့ရလဒ်ပိုင်းကို ရုတ်ချည်းပြောင်းလဲနိုင်ဖို့ အင်အားမရှိလောက်ဘူးထင်တယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိစေတဲ့ ဝုလ်ဖ်ဘတ်အသင်းရဲ့ အသင်းလိုက် စိတ်အားထက်သန်မှုမျိုး မရှိတဲ့အပြင် လတ်တလော ရလဒ်တွေကြောင့် စိတ်ဓာတ်ပိုင်းပါ ထိခိုက်နေနိုင်တယ်။ ဖရိုင်းဘတ်အသင်းက ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းပါ။ ဖရိုင်းဘတ် သရေမျှော်လင့်လို့တော့ရတယ်။
အာမီးနီးယား - ဒေါ့မွန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ည ၈:၀၀ နာရီ)
အာမီးနီးယားအသင်းက အခုရာသီ ဘွန်ဒစ်လီဂါမှာ တန်းတက် ဂရိုင်သာဖက်သ်နဲ့အတူ နိုင်ပွဲမရသေးတဲ့စာရင်းထဲ ဝင်နေတယ်။ ဒါ့အပြင် ထိပ်သီအသင်းတွေနဲ့ ဒီရာသီတွေ့ဆုံမှုတ ချို့မှာလည်း အာမီးနီးယားအသင်း ဂိုးပြတ်ရှုံးတာ များပါတယ်။ အဖက်ဖက်ကသာတဲ့ ဒေါ့မွန်အသင်းဘက်ကပဲ ရပ်တည်ချင်တယ်။
ဟာသာဘာလင် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ည ၁၁:၀၀ နာရီ)
မိုချန်ဂလာဘတ်က ဝုလ်ဖ်ဘတ်နဲ့ပွဲမှာ အဝေးကွင်းနိုင်ပွဲ စရထားပေမဲ့ ယုံစားလို့တော့ မရပါဘူး။ ဟာသာဘာလင် အမှတ်ရနိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်