Top News

စီးရီးအေပွဲစဉ် (၉)  ပွဲကြိုသုံးသပ်ချက် 
24htopnews | December 31, 2024 9:12 AM CST

ဆလာနီတာနာ - အမ်ပိုလီ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ညနေ ၇:၃၀ နာရီ)

ဆလာနီတာနာဟာ စီးရီးအေအဆင့်အတန်းနဲ့ ကိုက်ညီမှုမရှိတဲ့အသင်းလို့ ပြောရမယ်။ အမ်ပိုလီရဲ့ခြေစွမ်းက ခန့်မှန်းရခက်နေဆဲဖြစ်ပေမဲ့ ဆလာနီတာနာကို အနိုင်ယူဖို့ မခက်လောက်ဘူး။ အမ်ပိုလီကိုပဲ ကြိုက်တယ်။ 

 

ဆာဆူအိုလို - ဗင်နီဇီယာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ည ၁၀:၃၀ နာရီ)

ဒီရာသီမှာ ဆာဆူအိုလို တော်တော်လေး ကျဆင်းသွားတယ်။ တိုက်စစ်က ဂိုးတွေရပေမဲ့ ခံစစ်ကတော့ ဆက်တိုက် ဂိုးပေးနေရတယ်။ ဗင်နီဇီယာကတော့ အဝေးကွင်းအားနည်းတဲ့ အသင်းဖြစ်လို့ ဆာဆူအိုလို နိုင်ပွဲယူပါလိမ့်မယ်။ 

 

ဘိုလော့ဂ်နာ - အေစီမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၄ ရက် နံနက် ၁:၁၅ နာရီ)

နံပါတ် (၁)နေရာကို ရယူဖို့ကြိုးစားနေတဲ့ အေစီမီလန်အနေနဲ့ နာပိုလီအသင်း ပွဲကျပ်နေတာကို အခွင့်ကောင်းယူဖို့ ပြင်ဆင်လာမှာ သေချာတယ်။ အထူးသဖြင့် ဒီရာသီ စီးရီးအေမှာ အေစီမီလန်အသင်းရဲ့ယုံကြည်မှု တော်တော်လေးမြင့်မားနေတယ်။ ဘိုလော့ဂ်နာရဲ့ ခြေစွမ်းမဆိုးပေမဲ့ စိတ်အားတက်ကြွနေတဲ့ အေစီမီလန်ကို ပွဲချိန်ပြည့်ထိန်းနိုင်ဖို့ မလွယ်လောက်ဘူး။ အေစီမီလန်နဲ့ ဂိုးအများကို ရွေးထားတာကောင်းမယ်။ 


READ NEXT
Cancel OK