
မြဝတီမြို့အမှတ် (၅) ရပ်ကွက်ရှိ ငါးထပ်တိုက် အပေါ်ဆုံးထပ် အတွင်းသို့ ဝင်ရောက်ခိုးသူက အိမ်ရှင်ကို ဓားဖြင့်ခုတ်၊ လုံးထွေးသတ်ပုတ် အိမ်ပေါ်မှ ခုန်ဆင်းပြေးခဲ့ကြောင်း၊ အိမ်ပေါ်က ခုန်ချသည့်သူခိုးနှင့် အိမ်ရှင်နှစ်ဦးစလုံး ဆေးရုံတင်ပို့ခဲ့ရသည့်ဖြစ်ရပ် ဇန်နဝါရီ ၁၉ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅) ရပ်ကွက် ကျွန်းတော(၁)လမ်းရှိ ငါးထပ်တိုက် ငါးလွှာအခန်းအမှတ် (5 B) တွင် ဦးမောင်မောင် (ခ) ဦးဟူစိန် တစ်ဦးတည်းရှိနေသည့် ဇန်နဝါရီ ၁၉ ရက် ည ၁၁ နာရီခွဲက တိုက်ခန်း အတွင်းသို့ အမျိုးသားတစ်ဦး ဝင်လာကြောင်း ဦးမောင်မောင်က သူခိုး သူခိုးဟု အော်သဖြင့် ဖောက်ထွင်း ဝင်ရောက်လာသူက ပါလာသည့် ဓားဖြင့်ထိုးခုတ်၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နှစ်ဦးသား လုံးထွေးသတ်ပုတ် အော်ဟစ်သံကြောင့် ဘေးခန်းရှိ ၎င်း၏ မိသားစုဝင်များ ထွက်လာကြသဖြင့် ဖောက်ထွင်းဝင်ရောက် လာသူမှာ တိုက်ခန်းအနောက်ပေါက်မှ ထွက်ပြေးရာ တိုက်ပေါ်မှ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ရပ်သို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးရာ ဓားဖြင့်ထိုးခုတ်ပြီး ထွက်ပြေးစဉ် အိမ်ပေါ်မှ ပြုတ်ကျသတိလစ်နေသူမှာ အောင်ကို (၂၅နှစ်)၊ ပန်းရန်လုပ်သား၊ ခေါက်မလိလမ်းနေသူ ဖြစ်ကြောင်း သိရသည်။
ဓားဒဏ်ရာ ပြင်းထန်စွာရရှိသူ ဦးမောင်မောင်(ခ) ဦးဟူစိန် (၅၉နှစ်) နှင့် ဖောက်ထွင်း ဝင်ရောက်သူတို့အား မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဓားဖြင့်ခုတ်ခံရသူအား မြဝတီမှတစ်ဆင့် မဲဆောက်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ နေအိမ်တိုက်ခန်း အတွင်းသို့ ဝင်ရောက်ပြီး လူ့အသက်ကို သေစေနိုင်သည့် ဓားဖြင့်ထိုးခုတ်သူ အောင်ကိုအား မြဝတီမြို့မရဲစခန်းက (ပ) ၈၂/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၄၅၉ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်