
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းကစားရန် အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်းထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားသည့်အသင်းများ၏ ဖိတ်ကြားမှုကို လက်ခံရရှိထားကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်းနှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲကို အတည်မပြုသေးခြင်းဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်(PSSI) သည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံသို့ ဆက်သွယ်၍ အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်း နှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲအတွက် ကမ်းလှမ်းခဲ့သည်။
သို့သော် လက်ရှိတွင် အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်းထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားသည့်အသင်းများ၏ ကမ်းလှမ်းမှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ရရှိထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်(PSSI) ၏ ကမ်းလှမ်းမှုကို အကြောင်းမပြန်ကြားသေးဘဲ အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်းထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားသည့်အသင်းတစ်သင်းနှင့် ခြေစမ်းကစားရန် ကြိုးပမ်းနေလျက်ရှိသည်။
လက်ရှိတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ ကမ္ဘာ့အဆင့်မှာ ၅၅၊ အာရှအဆင့်မှာ ၁၁၊ အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်း၏ ကမ္ဘာ့အဆင့်မှာ ၉၇၊ အာရှအဆင့်မှာ ၁၇ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် လာမည့်ဖေဖော်ဝါရီအတွင်း မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲ မဖြစ်မနေ ကစားရန် စီစဉ်နေလျက်ရှိကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၅ ခုနှစ်တွင် အာဆီယံအမျိုး သမီးချန်ပီယံရှစ်ပြိုင်ပွဲ၊ ၃၃ ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့ ကြောင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လက်ရှိတွင် ပဏာမကစားသမား ၃၂ ဦး ဖြင့် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ ရန်ကုန်မြို့၌ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုသည် ပဏာမလူစာရင်းတွင် အမေရိကန်နိုင်ငံ၌ ပညာသင်ကြားရင်း ကောလိပ်အမျိုးသမီးဘောလုံးအသင်းတွင် ပါဝင်ကစားနေသည့် တိုက်စစ်က စားသမား မေထက်လူကိုလည်း ထည့်သွင်းရွေးချယ်ထားသည်။
မေထက်လူသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့်အတူ ပူးပေါင်းလေ့ကျင့်လျက်ရှိပြီး ယခင်ကလည်း ပဏာမလက်ရွေးစင်အသင်းတွင် ပါဝင်ခဲ့ဖူးသူဖြစ်သည်။
မေထက်လူသည် မြန်မာယူ-၁၆၊ ယူ-၁၉ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံဖူးပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင်မူ တစ်ကျော့ပြန် ရွေးချယ်ခံရခြင်းဖြစ်သည်။
မေထက်လူသည် အမေရိကန်ကောလိပ်အသင်းဖြစ်သော LA Pierce Women's Soccer အသင်းတွင် ကစားနေသူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်