
လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင် ဂိုးသွင်းယူပြီးနောက် အာနိုးလ်အောင်ပွဲခံသည့် ပုံစံမှာ အနုတ်လက္ခဏာပုံစံမျိုး မဟုတ်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။
အာနိုးလ်သည် ဝက်စ်ဟမ်းအသင်းအား အဝေးကွင်း၌ ငါးဂိုးပြတ်အနိုင်ရသည့်ပွဲတွင် လီဗာပူးလ်အသင်းအတွက် စတုတ္ထမြောက်ဂိုးကို ၁၈ ကိုက်စည်းအပြင်ဘက်မှ အဝေးကန်ချက်ဖြင့် ကန်သွင်းယူခဲ့သည်။
အာနိုးလ်က ဂိုးသွင်းယူပြီးနောက် ယာဘက်လက်ကို နားရွက်အနီးသို့ကပ်၍ စကားပြောသည့်ပုံစံ ပြုလုပ်အောင်ပွဲခံခဲ့ရာ စာချုပ်နောက်ဆုံးနှစ်သို့ ရောက်ရှိနေသည့် ကစားသမားသုံးဦးအနက် ၎င်းနှင့်ဆွေးနွေးမှုမှာ ဆာလာ၊ ဗန်ဒိုက်တို့ထက် အနုတ်လက္ခဏာအခြေအနေရှိနေသလားဟု မီဒီယာများက မေးမြန်းခဲ့သည်။
အဆိုပါမေးမြန်းမှုများကို ဆလော့က ''မဟုတ်ပါဘူး။ ဒါက အနုတ်လက္ခဏာပုံစံမျိုး မဟုတ်ပါဘူး။ သူကစားနေတာ တကယ်ကို ကောင်းပါတယ်။ သူက ကောင်းမွန်တဲ့ဂိုးတစ် ဂိုးသွင်းယူခဲ့ပြီး အဲဒီလိုပုံစံမျိုးအောင်ပွဲခံတာ ဒါက လုံလောက်မှုရှိတယ်လို့ ပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဲဒီအကြောင်းကို အများကြီးပြောစရာလိုမယ်လို့ မထင်ပါဘူး။ ကျွန်တော်က ထရန့် (အာနိုးလ်) နဲ့အတူရှိနေရလို့ တကယ်ဝမ်းသာပါတယ်။ မို (ဆာလာ)၊ ဗာဂျီလ် (ဗန်ဒိုက်) တို့နဲ့လည်း အတူတူပါပဲ။ ပြင်ပကမ္ဘာမှာ ထရန့်ရဲ့အခြေအနေက တခြားနှစ်ယောက်ထက်ပိုတယ်လို့ မီဒီယာတွေမှာ ဖော်ပြနေပေမဲ့ ကျွန်တော့်အတွက် ကွဲပြားမှု မရှိပါဘူး'' ဟု ကာကွယ်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်