Top News

အာဆင်နယ်သို့ နည်းပြရာထူးတစ်ခုဖြင့် ပြန်ရောက်လာနိုင်သည်ဟု ကာဇိုလာ ပြောကြား
24htopnews | December 30, 2024 7:12 PM CST

အာဆင်နယ်အသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သည့် စပိန်လက်ရွေးစင်ဟောင်း ကာဇိုလာက ကစားသမားဘဝမှ အနားယူပြီးပါက အာဆင်နယ်အသင်းထံ နည်းပြရာထူးတစ်ခုဖြင့် ပြန်ရောက်လာနိုင်သည်ဟု ပြောကြားခဲ့သည်။

ကာဇိုလာ(၄၀ နှစ်)သည် အာဆင်နယ်အသင်းတွင် (၆)နှစ်ကြာကစားခဲ့ပြီး ပရိသတ်အချစ်တော် ကစားသမားတစ်ဦး ဖြစ်ခဲ့သည်။

၎င်းသည် လက်ရှိအချိန်တွင် ငယ်ဘဝအသင်းဖြစ်သည့် စပိန်ဆီဂန်ဒါကလပ် အိုဗီဒိုအသင်းတွင် ကစားနေပြီး ၂၀၂၅ နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

''အာဆင်နယ်အသင်းကိုရော ပရိသတ်တွေကိုပါ ကျွန်တော် ချစ်ပါတယ်။ ဒါကြောင့် ဒီအသင်းကို နည်းပြအဖြစ် ဘာလို့ ပြန်မရောက်လာနိုင်ရမှာလဲ''ဟု ကာဇိုလာက ပြောကြားခဲ့သည်။

ကာဇိုလာသည် နှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း အင်္ဂလန်သို့ လာရောက်လည်ပတ်ခဲ့ပြီး အာဆင်နယ် ၁-၀ အစ်ဝစ်ချ်ပွဲကို အားပေးကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။


READ NEXT
Cancel OK