
နာမည်ကျော် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၎င်း၏အသင်းဟောင်း ရီးယဲလ်မက်ဒရစ် ထပ်မံဗိုလ်စွဲမည်ဟု ခန့်မှန်းပြောကြားခဲ့သည်။
ယခုရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် (၃၆) သင်းအထိ တိုးမြှင့်ကာ ယခင်လို အုပ်စုအဆင့် မကစားစေတော့ဘဲ League Phase ပုံစံ ပြောင်းလဲကျင်းပလျက်ရှိသည်။
ချန်ပီယံလိဂ်လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်တွင် ရုန်းကန်နေရပြီး League Phase ပွဲစဉ် (၆) အပြီးတွင် ရမှတ် (၉) မှတ်ဖြင့် အဆင့် (၂၀)နေရာ ရပ်တည်နေပြီး ရှုံးထွက်(၁၆)သင်းအဆင့် တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ် ရှိနေသည်။
သို့သော် စီရော်နယ်လ်ဒိုက ''ရီးယဲလ်မက်ဒရစ်ကို ချန်ပီယံလုပွဲတွေကနေ ဘယ်တော့မှ ထုတ်ပစ်လို့ မရပါဘူး။ ချန်ပီယံလိဂ်မှာ ရီးယဲလ်မက်ဒရစ် ထပ်မံဗိုလ်စွဲမယ်ဆိုတဲ့ဘက်က ကျွန်တော် လောင်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘာနေဗျူးကွင်းမှာ ရီးယဲလ်မက်ဒရစ်ကို ရင်ဆိုင်ဖို့ အသင်းတိုင်း ကြောက်ကြလို့ပါ။ ရီးယဲလ်က အမြဲပြန်လာနိုင်တာကြောင့် ဒီရာသီမှာလည်း သူတို့ ချန်ပီယံလိဂ်ရမယ့်ဘက်က ကျွန်တော် လောင်းမှာပါ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်