
တန်ဖိုးမြင့် လျှပ်စစ်သုံးလူစီးယာဉ်များ အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၇/၂၀၂၄) အရ အကောက်ခွန် ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ပြုသည့် ကုန်စည်အုပ်စု ငါးမျိုးနှင့်စပ်လျဉ်း၍ အကျုံး ဝင်သည့် H S Code 10 digit ကုန်စည်လိုင်း ၆၈၅ လိုင်းနှင့် CMP စနစ်ဖြင့် တင် သွင်းသည့် ကုန်ကြမ်းပစ္စည်း၊ စက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၂/ ၂၀၂၄) ဖြင့် ထုတ်ပြန်ထား သည့် ကုန်ပစ္စည်းအုပ်စု လေးမျိုး H S Code 10 digit ဖြင့် ကုန်စည် ၁၁၀၀ လိုင်းကို အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့် သွင်းခွင့်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိသာ ခွင့်ပြုမည်ဖြစ်သည်။
ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၇/၂၀၂၄) တွင်ဖော်ပြထား သည့် ကုန်စည်အုပ်စုငါးမျိုးအနက် ကုန်စည် အုပ်စု လေးမျိုး၊ H S Code 10 digit ကုန် စည်လိုင်း ၆၈၅ လိုင်းကို အကောက်ခွန် ကုန် လှောင်ရုံတွင် ထည့်သွင်းသိုလှောင်ခွင့်ပြုရန် လျှောက်ထားလာပါက ၂၀၂၅ ခုနှစ် ဇန်နဝါ ရီ ၁ ရက်မှ စတင်၍လည်းကောင်း၊ CMP စနစ်ဖြင့် တင်သွင်းသည့် ကုန်ကြမ်းပစ္စည်း၊ စက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အ ကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းသို လှောင်ခွင့်ပြုရန် လျှောက်ထားလာပါက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်ဆောင် ရွက်ပေးမည်ဟု ထုတ်ပြန်ခဲ့သည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ် နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ သတ်မှတ်ချက်အထက် တန်ဖိုးမြင့်လျှပ်စစ်သုံး လူစီးယာဉ်များကို အကောက်ခွန် ကုန်လှောင်ရုံအတွင်း ထည့် သွင်းခွင့်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိသာခွင့်ပြုမည်ဖြစ်ပြီး ကျန် Taxi ၊ အများ သုံးယာဉ်နှင့် လုပ်ငန်းသုံးယာဉ်များကို ယခင် အတိုင်း ဆက်လက်ထည့်သွင်းခွင့်ပြုမည်ဖြစ် ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန် ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်