Top News

မလေးရှားနိုင်ငံတွင် တောဆင်ရိုင်းတစ်ကောင် ရန်ပြုသဖြင့် ဒဏ်ရာများရရှိခဲ့သော မြန်မာနိုင်ငံသား နေရပ်သို့ ပြန်လည်ရောက်ရှိ
24htopnews | December 30, 2024 6:12 PM CST

မလေးရှားနိုင်ငံတွင် တောဆင်ရိုင်းတစ်ကောင် ရန်ပြုသဖြင့် ဒဏ်ရာများရရှိခဲ့သော မြန်မာနိုင်ငံသား နေရပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)ထံမှ သိရသည်။

လွန်ခဲ့သည့် နှစ်လခန့်က မလေးရှားနိုင်ငံရှိ ရော်ဘာခြံတစ်ခြံတွင် ရော်ဘာအစေးခြစ်နေသည့် မြန်မာနိုင်ငံသားကို တောဆင်ရိုင်းတစ်ကောင်က ရန်ပြုခဲ့ခြင်းဖြစ်သည်။

တောဆင်ရိုင်း တိုက်ခိုက်ခံရသဖြင့် အဆိုပါမြန်မာနိုင်ငံသားမှာ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာရရှိပြီး ညာလက်နှင့် ဘယ်ခြေထောက်အရိုးများကြေကာ အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူခဲ့ရသည်။

ဒဏ်ရာများရရှိခဲ့သည့် မြန်မာနိုင်ငံသားမှာ ကိုအောင်မြင့်ဆိုသူဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့ ဇာတိဖြစ်ကြောင်း၊ ဒဏ်ရာများစွာရရှိခဲ့ပြီး ဆရာဝန်များ၏ ပြောဆိုချက်အရ (ICU) အခန်းတွင် ဆေးကုသမှုခံယူနေသည်မှအပ အခြားအကြောင်းအရာများကို မသိရှိတော့ကြောင်း၊ ၎င်းကို ပြန်လည်ပို့ဆောင်ပေးရန် မြန်မာနိုင်ငံမှ မိသားစုဝင်များက တောင်းဆိုမှုကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း၊ ယင်းနောက် ဒီဇင်ဘာ ၂၅ ရက်တွင် MAI လေကြောင်းခရီစဉ်ဖြင့် မြန်မာသံရုံး(မလေးရှား) မှ အလုပ်သမားသံအရှိများမှ အနီးကပ်စောင့်ကြပ်မှုဖြင့် မိဘများအကူညီတောင်းခံသည့်အတိုင်း မြန်မာနိူင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) ထံမှ သိရသည်။


READ NEXT
Cancel OK