
မန်ယူအသင်းနှင့် အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်း ရီယိုဖာဒီနန် ရွေးချယ်သည့် ရာသီဝက်ကာလ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် လီဗာပူးလ်အသင်းမှ ကစားသမား(၄)ဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ဖာဒီနန်သည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည့် လီဗာပူးလ်အသင်းမှ ဆာလာ၊ ဂရာဗန်ဘတ်ချ်၊ ဗန်ဒိုက်နှင့် အာနိုးလ်တို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဖာဒီနန်သည် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းကို (၄-၂-၃-၁)ပုံစံဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဂိုး- ရာယာ၊ နောက် - အာနိုးလ်၊ ဗန်ဒိုက်၊ ဆာလီဘာ၊ ကူကူရယ်လာ၊ လယ် - ကိုင်စီဒို၊ ဂရာဗန်ဘတ်ချ်၊ တိုက်စစ် - ဆာလာ၊ ပါလ်မာ၊ ဆာကာ၊ ရှေ့- ဟာလန်းတို့ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းမှ ကစားသမား(၃)ဦးစီ ပါဝင်ပြီး မန်စီးတီးအသင်းမှ (၁)ဦးပါဝင်သည့်အတွက် ကလပ်အသင်း (၄)သင်းမှ ကစားသမားများသာ ရွေးချယ်ခံခဲ့ရခြင်းလည်းဖြစ်သည်။
ဖာဒီနန်က နည်းပြနေရာအတွက်မူ လီဗာပူးလ်နည်းပြ အာနယ်ဆလော့ကို မရွေးချယ်ဘဲ ချယ်လ်ဆီးနည်းပြ မာရက်စကာကို ရွေးချယ်ခဲ့သည်။
၎င်းက အာနယ်ဆလော့သည် တည်ငြိမ်မှုရှိပြီးသား အသင်းကောင်းတစ်သင်းကို ကိုင်တွယ်ရပြီး မာရက်စကာမှာ အစမှပုံဖော်ခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်