
နယူးကာဆယ်အသင်းသည် ထိပ်သီးအသင်းများစွာ ခေါ်ယူရန် စိတ်ဝင်စားနေသည့် တိုက်စစ်မှူး အီဆက်ခ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၅၀)ဟု သတ်မှတ်လိုက်ကြောင်း သိရသည်။
ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်(၂၅ နှစ်)သည် နယူးကာဆယ်အသင်းတွင် ခြေစွမ်းပြနေသည့်အတွက် ဥရောပထိပ်သီးအသင်းများစွာက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြခြင်းဖြစ်သည်။
အီဆက်ခ်ကို ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် အာဆင်နယ်၊ ချယ်လ်ဆီးနှင့် လီဗာပူးလ်၊ လာလီဂါထိပ်သီးများဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာ၊ ပြင်သစ်ထိပ်သီး PSG တို့က ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။
နယူးကာဆယ်အသင်းသည် အီဆက်ခ်ကို ၂၀၂၂ နွေရာသီတွင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၆၃)သန်းဝန်းကျင်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။
၎င်းသည် ပထမဆုံးရာသီ၌ တံကောက်ကြောဒဏ်ရာရရှိခဲ့သည့်အတွက် (၂၇)ပွဲသာ ကစားနိုင်ပြီး (၁၀)ဂိုးသာ သွင်းယူနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီတွင် ပွဲ(၄၀)ကစားကာ (၂၅) ဂိုး သွင်းယူနိုင်ခဲ့သည်။
ယခုရာသီတွင်လည်း ပွဲစဉ်(၁၉) မတိုင်မီ၌ ပြိုင်ပွဲစုံ(၁၉)ပွဲတွင် (၁၂)ဂိုး သွင်းယူထားသည်။
ထို့ကြောင့် ထိပ်သီးအသင်းများက ၎င်း၏ခြေစွမ်းကို သဘောကျနေခြင်းဖြစ်သည်။
သို့သော် နယူးကာဆယ်အသင်းက အီဆက်ခ်အား ရောင်းထုတ်လိုခြင်းမရှိသည့်အတွက် ပြောင်းရွှေ့ကြေးတန်ဖိုးကို ပေါင်သန်း(၁၅၀)ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နယူးကာဆယ်နည်းပြ အက်ဒီဟောင်းကလည်း ''နယူးကာဆယ်အသင်းမှာရှိနေတဲ့ ဘယ်သူကမှ အဲလက်စ်(အီဆက်ခ်) ထွက်ခွာသွားမှာကို မလိုလားကြပါဘူး။ အသင်းအတွက် ဆုဖလားအောင်ပွဲ ရယူပေးဖို့ သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
အီဆက်ခ်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများထဲတွင် တိုက်စစ်မှူး လိုအပ်ချက်ရှိနေသည့် အာဆင်နယ်အသင်းက အဓိကကြိုးပမ်းဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
အာဆင်နယ်အသင်းသည် အီဆက်ခ်ကို ဆိုစီဒက်အသင်းတွင် ရှိစဉ်ကတည်းက ခေါ်ယူရန် စိတ်ဝင်စားခဲ့ဖူးပြီး ယခုအခါ ဇန်နဝါရီအပြောင်းအရွှေ့တွင်ပင် ခေါ်ယူရန် ကြိုးပမ်းဖွယ်ရှိကြောင်း သတင်းထွက်နေသည်။
လီဗာပူးလ်အသင်းက ဆာလာအား စာချုပ်သက်တမ်းတိုးနိုင်ခြင်းမရှိပါက အီဆက်ခ်ကို အစားထိုးခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သလို၊ ချယ်လ်ဆီးအသင်းကလည်း ၂၀၂၅ ခုနှစ်အတွင်း ထိပ်တန်းအဆင့် တိုက်စစ်မှူး အားဖြည့်ခေါ်ယူရန် စီစဉ်နေရာတွင် လျာထားစာရင်း၌ အီဆက်ခ်လည်း ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်