Top News

အချစ်ဦးနဲ့ နှစ်ကူးချိန်ခါ (Life)
24htopnews | December 30, 2024 4:12 PM CST

လွန်ခဲ့တဲ့ (၂)လလောက်က အန်ဇိုဖာနန်ဒက်ဇ်နဲ့ လမ်းခွဲခဲ့တဲ့ အတူနေချစ်သူ ဗယ်လန်တီနာ ကာဗန်တက်စ်က နှစ်သစ်ကူးကာလမှာ အန်ဇိုနဲ့ ပြန်လည်ဆုံတွေ့ပြီး မိသားစုအတူဖြတ်သန်းသွားမယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက အာဂျင်တီးနားကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်နဲ့ အာဂျင်တီးနားသူ ကာဗန်တက်စ်တို့ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ချစ်ကျွမ်းဝင်ခဲ့ကြသူတွေပါ။ အန်ဇိုဖာနန်ဒက်ဇ် ရေးဗားပလိတ် အရန်အသင်းမှာသာ ကစားခွင့်ရသေးချိန်မှာ အစားအသောက်ရောင်းတဲ့ဆိုင်မှာ အလုပ်လုပ်ရင်း ဥပဒေပညာလေ့လာနေတဲ့ ကာဗန်တက်စ်နဲ့ ဆုံတွေ့ချစ်ကြိုက်ခဲ့ကြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။


READ NEXT
Cancel OK