
အတ္တလန်တာအသင်း၏အားကစားဒါရိုက်တာဖြစ်သူ ဒီအန်မီကိုက ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်း၏ကြယ်ပွင့်ကစားသမားများကို ရောင်းချသွားမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အတ္တလန်တာအသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့သလို၊ ယခုရာသီတွင်လည်း စီးရီးအေပြိုင်ပွဲတွင် ခြေစွမ်းပြနေပြီး ရလဒ်ကောင်းများ ရရှိနေသည်။
အတ္တလန်တာအသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၁၈) အပြီးတွင် ရမှတ် (၄၁)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိသည်။
ထို့ကြောင့် အတ္တလန်တာအသင်းတွင် ခြေစွမ်းပြနေသည့် အဓိက ကစားသမားများမှာ ဥရောပထိပ်တန်းအသင်းများ၏ပစ်မှတ်ထားခြင်းကို ခံနေရသည်။
ယခုရာသီတွင် အတ္တလန်တာအသင်းအတွက် ခြေစွမ်းပြနေကြသည့် တိုက်စစ်ကစားသမား လွတ်ခ်မန်း၊ ကွင်းလယ်ကစားသမားများဖြစ်သည့် အီဒါဆန်နှင့် ကီတယ်လာရီတို့အား ဥရောပထိပ်တန်းအသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ယခုအခါ အတ္တလန်တာအားကစားဒါရိုက်တာ ဒီအန်မီကိုက ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းကစားသမားများကို ရောင်းထုတ်သွားမည်မဟုတ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဒီအန်မီကိုက ''အပြောင်းအရွှေ့ကာလတိုင်းက ကလပ်အသင်းတိုင်းအတွက် ခက်ခဲပါတယ်။ ကျွန်တော်တို့အနေနဲ့ ဇန်နဝါရီစျေးကွက်မှာ အခွင့်အရေးရမယ်ဆိုရင် လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူသွားမှာပါ။ ဒါပေမဲ့ သေချာတာတစ်ခု ကတော့ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ လူစာရင်းကို ထိန်းသိမ်းသွားမှာဖြစ်ပြီး လက်ရှိလူစာရင်းကို လုံးဝအထိအခိုက်ခံမှာ မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်