
နာမည်ကျော် စီးရီးအေနည်းပြ ဟောင်း ကာပယ်လိုက ယခုရာသီစီးရီး အေချန်ပီယံဆုအတွက် လက်ရှိချန်ပီယံ အင်တာမီလန်အသင်း ရေပန်းစားနေဆဲဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
စီးရီးအေပွဲစဉ် (၁၈)အပြီးတွင် အတ္တလန်တာအသင်းက ရမှတ် (၄၁)ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ရပ်တည်နေပြီး နာပိုလီက (၄၁) မှတ်စီတူနေသော်လည်း ဂိုးကွာခြားချက်ဖြင့် ဒုတိယ၊ တစ်ပွဲလျော့ကစားထားသည့် အင်တာမီလန်အသင်းက (၄၀)မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။
သို့သော် ကာပယ်လိုက ယခုရာသီ စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးရန်အတွက် အင်တာမီလန် အလေးသာနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကာပယ်လိုက "အခုအချိန်မှာ အင်တာမီလန်ရဲ့ခြေစွမ်းက အကောင်းကြီး မဟုတ်ပေမဲ့ နိုင်ပွဲ ရနေပါတယ်။ သူတို့မှာ ချန်ပီယံအတွေ့အကြုံတွေလည်း ရှိပါတယ်။ မာတီနက်ဇ် ဂိုးသိပ်မရတာတောင် သူတို့က စီးရီးအေချန်ပီယံဆုအတွက် နံပါတ်(၁) ဖြစ်နေဆဲပါ"ဟုဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်