Top News

ဘားအံမြို့နယ် တောင်ကလေးကျေးရွာ နှစ်သစ်ကူးကွင်းတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် အလျား ပေ ၇၀၊ အမြင့် ၄၆ ပေရှိ ကရင်အမျိုးသားအလံတော် သင်္ကေတရုပ်တု ပြုလုပ်ထား
24htopnews | December 30, 2024 2:12 PM CST

ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ကလေးကျေးရွာ နှစ်သစ်ကူးကွင်းတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲ တော်အထိမ်းအမှတ်အဖြစ် အလျား ပေ ၇၀၊ အမြင့်  ၄၆ ပေရှိ ကရင်အမျိုးသားအလံတော် သင်္ကေတရုပ်တုအား ပြုလုပ်ထားကြောင်း သိရသည်။

နှစ်စဉ် မြန်မာသက္ကရာဇ် ပြာသိုလဆန်း (၁) ရက်နေ့အား ကရင်နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်ပွဲတော်များ ကျင်းပလေ့ရှိကြောင်းနှင့် ယခု ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ်၏ ထူးခြားချက်အနေဖြင့် တစ်နှစ် အတွင်း ကရင်နှစ်သစ်ကူး နှစ်ကြိမ်ကျရောက် နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

၎င်းက ဆက်လက်ပြီး “ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း မြန်မာသက္ကရာဇ်အနေနဲ့ ပြာဆိုလဆန်း ၁ ရက် ဖြစ်တဲ့အတွက်ကြောင့် ကရင်နှစ်သစ်ကူးနေ့ကို ကျင်းပခဲ့ပြီးဖြစ်သလို ဒီဇင်ဘာ ၃၀ ရက်ကလည်း ပြာသိုလဆန်း (၁) ရက်နေ့ဖြစ်လို့ ကရင်နှစ်သစ်ကူးပွဲတော် ကို ခရစ်သက္ကရာဇ်တစ်နှစ်အတွင်းမှာ ဒုတိ ယအကြိမ်အဖြစ် ကျင်းပကြမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဘားအံမြို့နယ် တောင်ကလေးကျေးရွာ ရှိ နှစ်သစ်ကူးကွင်းတွင် ပြီးခဲ့သည့် ၃၂ ကြိမ် မြောက် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အဖြစ် ဖားစည်နှင့် ကျွဲချိုပုံသဏ္ဌာန်သင်္ကေတ ရုပ်တုကြီး ပြုလုပ်ခဲ့ကြောင်းနှင့် ယခု ၃၃ ကြိမ် မြောက် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အဖြစ် ကရင့်အမျိုးသားအလံတော်ကြီး သင်္ကေ တရုပ်တုကြီးအား ပြုလုပ်ထားကြောင်း ၎င်းင်း ဒေသခံက ဆိုသည်။

ထို ကရင်အမျိုးသားအလံတော်ရုပ်တု ကြီးအား ကရင်နှစ်သစ်ကူးနေ့မတိုင်ခင်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ကရင်နှစ်သစ်ကူးနေ့ပွဲတော်အခမ်းအနားတွင် ပျော်ပွဲ ရွှင်ပွဲများအပြင် စတုဒိသာကျွေးမွေးမှုများဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြော ကြားချက်အရ သိရသည်။

ကရင်နှစ်သစ်ကူးနေ့ နေ့ထူးနေ့မြတ်အ ဖြစ် ပထမဆုံးအစိုးရ အသိအမှတ်ပြုရုံးပိတ် ရက်မှာ ၁၉၃၈ ခုနှစ် ဇန်နဝါရီ ၁ ရက် မြန်မာ သက္ကရာဇ် ၁၂၉၉ ခုနှစ် ပြာသိုလဆန်း ၁ ရက်၊ ကရင်သက္ကရာဇ် ၂၆၇၇ ခုနှစ် စနေနေ့ဖြစ် ကြောင်းနှင့် ထိုအချိန်မှစတင်ကာ ယနေ့တိုင် ကရင်နှစ်သစ်ကူးနေ့အဖြစ် ပြာသိုလဆန်း ၁ ရက်နေ့အား သတ်မှတ်ကျင်းပလာခဲ့ကြသည် မှာ ယခုနှစ်ပါဆိုလျှင် ကရင်သက္ကရာဇ်အား ဖြင့် (၈၇) နှစ်မြောက်တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK