
ဝယ်ယူထားသည့် ပြင်းထန်တီဘီရောဂါ ကာကွယ်ဆေး ရှစ်သိန်း ရောက်ရှိလာပြီး ဒေသအသီးသီးသို့ ဖြန့်ဖြူးပေးမည်
ဝယ်ယူထားသည့် ပြင်းထန်တီဘီရောဂါ ကာကွယ်ဆေး ရှစ်သိန်း ရောက်ရှိလာပြီး ဒေသအသီးသီးသို့ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါဆေးဝါးများကို နိုင်ငံတော်မှ အလုံးစုံကျခံ သုံးစွဲသည့်နည်းလမ်းဖြင့် ဝယ်ယူထားခြင်းဖြစ်ပြီး ကာကွယ်ဆေး တစ်ပုလင်းလျှင် ကလေးငယ် ၂၀ ဦးစာ အတွက် ပါဝင်ကြောင်း၊ ပြင်းထန်တီဘီရောဂါကာကွယ်ဆေး ဘီစီဂျီကာကွယ်ဆေး (BCG vaccine)ဆေးပုလင်း (၄၀,၀၀၀)၊ စုစုပေါင်း ကာကွယ်ဆေး ၈၀၀,၀၀၀ သည် ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ အဆိုပါဆေးဝါးများကို ဗဟိုကာကွယ်ဆေးသိုလှောင် အအေးခန်း (ရန်ကုန်)သို့ အအေးလမ်းကြောင်းမပျက် ပို့ဆောင်၍ သတ်မှတ်အပူချိန်အတွင်း ထိန်းသိမ်းထားရှိကြောင်း သိရသည်။
အဆိုပါ ဘီစီဂျီကာကွယ်ဆေး (BCG vaccine)များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းအစီအစဉ်တွင် အသက်တစ်နှစ်အောက်ကလေးငယ်များအား သတ်မှတ်အရွယ်တွင် ထိုးနှံပေးသွား ရန်အတွက် ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း (ရန်ကုန်)မှ လေယာဉ်လမ်းကြောင်း၊ ကားလမ်းကြောင်းများဖြင့် လိုအပ်ချက်နှင့်အညီ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ကလေးငယ်များ အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေး (၁၃)မျိုး နှင့် ဆက်စပ်ပစ္စည်းများကို ပြတ်လပ်မှုမရှိစေရန်ဝယ်ယူ၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်