
အာဆင်နယ်အသင်း၏ အားထားရသည့် တောင်ပံကစားသမား ဆာကာသည် တံကောက်ကြောဒဏ်ရာကို ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး နှစ်လကျော် အနားယူရမည်ဖြစ်ကြောင်း နည်းပြဖြစ်သူ အာတီတာက အတည်ပြုပြောကြားခဲ့သည်။
အသက် ၂၃ နှစ်အရွယ် အင်္ဂလန်လက် ရွေးစင်ကစားသမား ဆာကာသည် ဒီဇင်ဘာ ၂၁ ရက်က ပဲလေ့စ်အသင်းနှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲတွင် ယာဘက်ခြေထောက် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ ဆာကာသည် ပထမပိုင်း ၂၄ မိနစ်မှာပင် လူစားလဲခဲ့ရပြီး ချိုင်းထောက်ဖြင့် ကွင်းအပြင်သို့ ထွက်သွားရသည့် ဓာတ်ပုံများမှာလည်း လူမှုမီဒီယာတွင် ထွက်ပေါ်ခဲ့သည်။
ဆာကာ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ မေးမြန်းမှုများအပေါ် အာတီတာက "သူက လုပ်ထုံး လုပ်နည်းအတိုင်း လုပ်ထားပါတယ်။ အားလုံး အဆင်ပြေသွားပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ သူက ရက်သတ္တပတ်အများကြီး (အများကြီး) ကစားနိုင်မှာ မဟုတ်ပါဘူး။ ရက်သတ္တပတ်အများကြီးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲဒါက နှစ်လကျော်လောက်ရှိမယ်လို့ ကျွန်တော်ထင်တယ်။ ဘယ်လောက်ကြာမလဲဆိုတာတော့ ကျွန်တော်အတိအကျမသိပါဘူး။ အဲဒါက အမာရွတ်တစ်သျှူး ဘယ်လိုစတင်ပျောက်ကင်းမလဲဆိုတာအပေါ် မူတည်ပါတယ်။ ပထမတစ်ပတ် ဒါမှမဟုတ် နောက်တစ်ပတ်တွေမှာလား။ လှုပ်ရှားနိုင်မှုအပေါ် မူတည်ပါတယ်။ အခြေအနေဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။ အဲဒါက ပြောဖို့ အရမ်းခက်ပါတယ်" ဟု ဖြေကြားခဲ့သည်။
ဆာကာသည် ယခုရာသီ ပြိုင်ပွဲစုံတွင် ၂၄ ပွဲကစား၊ ကိုးဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ပေးထားသည်။ ၎င်းအနေဖြင့် ယခုရာသီတွင် တတိယအကြိမ် တံကောက်ကြောဒဏ်ရာရရှိခြင်းဖြစ်ပြီး ပထမအကြိမ်တွင် အောက်တိုဘာ ၁၀ ရက်မှ ၂၆ ရက်အထိ နှစ်ပတ်နှင့် ဒုတိယအကြိမ်တွင် နိုဝင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ ၁၂ ရက်ကြာ အနားယူခဲ့ရသည်။ ယခုအကြိမ်မှာ အပြင်းထန်ဆုံးဖြစ်သောကြောင့် နှစ်လကျော်ကြာ အနားယူရမည်ဖြစ်ရာ အစောဆုံး မတ်လမှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိနေသည်။
သို့ဖြစ်ရာ ဆာကာအနေဖြင့် အစ်ဝစ်ချ် နှင့်ပွဲအပါအဝင် ဘရန့်ဖို့ဒ် (ဇန်နဝါရီ ၁ ရက်)၊ ဘရိုက်တန် (ဇန်နဝါရီ ၄ ရက်)၊ နယူးကာဆယ် (ဇန်နဝါရီ ၇ ရက်၊ လိဂ်ဖလား)၊ မန်ယူ (ဇန်နဝါ ရီ ၁၂ ရက်၊ FA ဖလား)၊ စပါး (ဇန်နဝါရီ ၁၅ ရက်)၊ ဗီလာ (ဇန်နဝါရီ ၁၈ ရက်)၊ ဒိုင်နမိုဇာဂရက် (ဇန်နဝါရီ ၂၂ ရက်၊ ချန်ပီယံလိဂ်)၊ ဝုလ်ဗ် (ဇန်နဝါရီ ၂၅ ရက်)၊ ဂျီရိုနာ (ဇန်နဝါရီ ၂၉ ရက်၊ ချန်ပီယံလိဂ်)၊ မန်စီးတီး (ဖေဖော်ဝါရီ ၂ ရက်)၊ နယူးကာဆယ် (ဖေဖော်ဝါရီ ၅ ရက်၊ လိဂ်ဖလား)၊ လက်စတာ (ဖေဖော်ဝါရီ ၁၅ ရက်)၊ ဝက်စ်ဟမ်း (ဖေဖော်ဝါရီ ၂၂ ရက်)၊ နော်တင်ဟမ် (ဖေဖော်ဝါရီ ၂၅ ရက်) တို့နှင့် ပွဲစဉ်များကိုပါ လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်