
ဘာစီလိုနာအသင်းသည် စပိန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မိုကို မှတ်ပုံတင်နိုင်ရန်အတွက် နူးကမ့်ကွင်းသစ်ရှိ VIP ထိုင်ခုံနေရာကို ယူရို သန်း ၁၀၀ ဖြင့် ရောင်းချရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် အော်လ်မို (၂၆ နှစ်) ကို ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် လိုက်ပ်ဇစ်အသင်းမှ ယူရို သန်း ၆၀ ဖြင့် ခေါ်ယူခဲ့ပြီး ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိသည့် ခြောက်နှစ်စာချုပ် ချုပ်ဆိုထားသည်။ သို့သော် ဘာစီလိုနာ အသင်းအနေဖြင့် လစာအသုံးစရိတ်ကန့်သတ်ချက် ကျော်လွန်နေသောကြောင့် ရာသီစတင်ချိန်အမီ မှတ်ပုံတင်နိုင်ခြင်းမရှိဘဲ ပွဲစဉ် (၃) မှသာ စတင်ကစားခွင့်ရခဲ့သည်။
လာလီဂါ ပြိုင်ပွဲက ၎င်းအတွက် မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၃၁ ရက်အထိသာ ခွင့်ပြုပေးထားခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းက ရာသီကုန်အထိ မှတ်ပုံတင်နိုင်ရန် ထပ်မံကြိုးပမ်းသော်လည်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာတရားရုံးက ဒီဇင်ဘာ ၂၇ ရက်တွင် လက်မခံဘဲ ပယ်ချခဲ့သည်။ ဘာစီလိုနာအသင်းက ယင်းဆုံးဖြတ်ချက်ကို အယူခံဝင်ထားပြီး ယနေ့ ကြားနာစစ်ဆေးမည်ဖြစ်သည်။
ထို့ပြင် ဘာစီလိုနာအသင်းသည် အသစ်ပြင်ဆင်နေသည့် နူးကမ့်ကွင်းရှိ VIP ထိုင်ခုံ နေရာကို အရှေ့အလယ်ပိုင်းရင်းနှီးမြှုပ်နှံသူများထံ ယူရိုသန်း ၁၀၀ ဖြင့် ရောင်းချရန် သဘောတူညီမှုရရှိထားပြီဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ပထမအရစ်ပေးချေ မှုကို ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပေးချေဖွယ်ရှိပြီး အော်လ်မိုကို အချိန်မီမှတ်ပုံတင်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်