
အခုဆိုရင် ဟန်ဆီဖလစ်ခ်ရဲ့ ဘာစီလိုနာဟာ လာလီဂါမှာရှုံးပွဲ ၅ ပွဲအထိ ရှိသွားခဲ့ပြီပဲဖြစ်တယ်။ ဒီရှုံးပွဲက ပြီးခဲ့တဲ့ရာသီ ဇာဗီ လက်ထဲမှာ ဒုတိယရခဲ့တဲ့ ဘာစီလိုနာရဲ့ တစ်ရာသီလုံးရှုံးခဲ့တဲ့ ပွဲအရေအတွက်နဲ့လည်း တူသွားပြီဖြစ်တယ်။ အခုမှ ရာသီတစ်ဝက်ကျိုးပဲ ရှိသေးချိန်မှာ ရှုံးပွဲ ၅ ပွဲအထိ ကြုံလိုက်ရတဲ့ ဘာစီလိုနာအတွက် လက်ကျန်ရာသီဝက်က စိန်ခေါ်မှုတွေလည်း ပိုများလာတော့မှာ သေချာနေတယ်။ ဟန်ဆီဖလစ်ခ်အတွက်လည်း ဘာစီလိုနာကို ကိုင်တွယ်ခဲ့ကြတဲ့ နောက်ပိုင်းနည်းပြတွေထဲမှာ ရှုံးပွဲရာခိုင်နှုန်းအများဆုံးနည်းပြ အဖြစ်ကိုပါ ရောက်သွားခဲ့ရတယ်။ ဟန်ဆီဖလစ်ခ်လက်ထက် ကစားခဲ့တဲ့ပွဲနဲ့ ရှုံးပွဲ အချိုးချမှုတွေအရ ဟန်ဆီဖလစ်ခ်ရဲ့ ရှုံးပွဲရာခိုင်နှုန်းက ၂၅ ရာခိုင် နှုန်းအထိ ရှိနေပြီး သူ့ရှေ့နည်းပြတွေထဲမှာ ရော်နယ်လ်ကိုးမန်းက အရှုံးရာခိုင်နှုန်း ၂၁ ရာခိုင်နှုန်း၊ ဆက်တီယန်က ၁၆ ရာခိုင်နှုန်းနဲ့ ဇာဗီက ၁၅ ရာခိုင်နှုန်းပဲရှိကြလို့ ဟန်ဆီဖလစ်ခ်ရဲ့ အရှုံးရာခိုင်နှုန်းက လက်ရှိမှာတော့ အမြင့်ဆုံးစံချိန်ဖြစ်သွားတာပဲ ဖြစ်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်