
ပြီးခဲ့တဲ့ရာသီ ဘွန်ဒစ်လီဂါမှာ ဟာရီကိန်း ပြီးရင် တစ်ပွဲပျမ်းမျှသွင်းဂိုးအများဆုံး တိုက်စစ်မှူးက ရှက်ရှ်ကို ပါ။ သူက ခေါင်းတိုက်ဂိုးတွေကောင်းမွန်သလို ဟာလန်းစတိုင်မျိုး အားနဲ့မာန်နဲ့ ဆွဲပြေးပြီး တစ်ကိုယ်တော်ကန်သွင်းမှုတွေလည်း လုပ်နိုင်တယ်။ ဟာလန်းထက်ပိုသာတာက အသင်းရဲ့ ကစားကွက်တည်ဆောက်မှုထဲ ရှက်ရှ်ကို ကူညီပေးနိုင်တာပါ။ အသက်(၂၁)နှစ်သာရှိသေးသူ ရှက်ရှ်ကို က ဆလိုဗေးနီးယားလက်ရွေးစင်အသင်းရဲ့ အမာခံ ကစားသမားအဖြစ် ရပ်တည်နေသလို၊ လက်ရှိကလပ် လိုက်ပ်ဇစ်အသင်းအတွက်လည်း ခြေစွမ်းပြနေတာပါ။ ဒါကြောင့်လည်း မန်ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေ မျက်စိကျနေတာဖြစ်ပါတယ်။ ရှက်ရှ်ကို ကို အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက်အသင်းတွေက ပြီးခဲ့တဲ့ နွေရာသီကတည်းက ခေါ်ယူဖို့် ပစ်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ကာယကံရှင်ဖြစ်သူ ရှက်ရှ်ကိုက လိုက်ပ်ဇစ်အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိအချိန်မှာ ရှက်ရှ်ကိုက လိုက်ပ်ဇစ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ နှစ်ရှည်စာချုပ် ချုပ်ဆိုထားပါတယ်။ ရှက်ရှ်ကို က လက်ရှိရာသီကုန်ရင် သူ့အနာဂတ်ကို စဉ်းစားဖွယ်ရှိတယ်လို့လည်း သတင်းထွက်နေတယ်။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ထိပ်သီး(၃)သင်းက ဇန်နဝါရီစျေးကွက်မှာ ထပ်မံကြိုးပမ်းဖို့ ချိန်ရွယ်လာတာပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်