
၂၀၂၅ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုအတွက် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ပြီး လက်ရှိဆောင်ရွက်နေသည့်မူဝါဒများ ပြောင်းလဲမှုမပြုဘဲ ဆက်လက်ကျင့်သုံး လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ် မ၁၃ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်ကြော်ငြာစာ အမှတ်(၁၀၀/၂၀၂၄)ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
၂၀၂၅ ခုနှစ်အတွက် ပြည်ပမှမော် တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ် သည့် ခုနစ်အား အောက်ပါအတိုင်း သတ်မှတ် လိုက်သည်။
လူစီးမော်တော်ယာဉ်များအတွက် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ၊ လုပ်ငန်း သုံးယာဉ်များ(ကုန်တင်ယာဉ်/ခရီးသည်တင်ယာဉ်)အတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိ၊ မီးသတ်ယာဉ်/လူနာတင်ယာဉ်အတွ က် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ၊ ယန္တရား များအတွက် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အ ထိ သတ်မှတ်လိုက်သည်။
အထက်ဖော်ပြပါယာဉ်များ တင်သွင်း ရာတွင် လက်ဝဲစတီယာရင်ယာဉ်များသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့်ပူးတွဲပါ လုပ်ငန်းသုံးယန္တရားများအား လွန်ခဲ့သော ၁၅ နှစ်အတွင်း ထုတ်လုပ်သည့်ယာဉ်(၂၀၁၁ ခုနှစ်နှင့်အထက် ထုတ်လုပ်သောယာဉ်)များ အဖြစ် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရ သည်။
ယခုအမိန့်ကြော်ငြာစာထုတ်ပြန်ချက် သည် လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်တင်သွင်းခွင့်ပြုသည့်မော်တော် ယာဉ်ထုတ်လုပ်ခုနှစ်သတ်မှတ်ချက်အား ပုံမှန်ထုတ်ပြန်ခြင်းသာဖြစ်သည်။ မော်တော် ယာဉ်တင်သွင်းမှုနှင့်စပ်လျဉ်း၍ လက်ရှိချ မှတ်ဆောင်ရွက်နေသည့်မူဝါဒများ ပြောင်း လဲခြင်းမပြုဘဲ ဆက်လက်ကျင့်သုံးလျက်ရှိ ကြောင်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်