
မိုချန်ဂလာဘတ် - ရှက်တာဒိုးနက် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၆ ရက်၊ နံနက် ၀၀:၂၅ နာရီ)
နှစ်သင်းစလုံးက အုပ်စုကျပ်ထဲမှာ မထင်မှတ်တာတွေ လုပ်ပြနေတဲ့အသင်းတွေဖြစ်ပြီး၊ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ အံ့ဩစရာအကောင်းဆုံးရလဒ်ကိုပါ မြင်ခဲ့ရတယ်။ မိုချန်ဂလာဘတ်က ရှက်တာဒိုးနက်ကွင်းမှာ ဂိုးဒါဇင်ဝက်နဲ့ အပြတ်အသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး နောက်တစ်ဆင့်တက်ဖို့အတွက်ပါ အလားအလာကောင်းကို ပိုင်ဆိုင်သွားခဲ့တယ်။ ဒီပွဲကိုသာ အိမ်ကွင်းမှာအနိုင်ကစားခဲ့ရင် ရှုံးထွက်အဆင့်တက်ဖို့ အလားအလာကောင်းသွားနိုင်တယ်။ ဒါပေမဲ့ ရှက်တာဒိုးနက်ကလည်း (၄)မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး သရေရလဒ်လောက် ထိန်းကစားလိမ့်မယ်။ ဒါပေမဲ့ မိုချန်ပဲ အနိုင်ရမှာပါ။ (၂-၁ ၂-ဝ)လောက်ဖြစ်မယ်ထင်တယ်။
အိုလံပီယာကော့စ် - မန်စီးတီး (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၆ ရက်၊ နံနက် ၀၀:၂၅ နာရီ)
အုပ်စုတွင်း (၃)ပွဲကစား၊ (၃)ပွဲနိုင်၊ ပေးဂိုးတစ်ဂိုးသာရှိသေးတဲ့ မန်စီးတီးက ချန်ပီယံလိဂ်မှာတော့ ပရီးမီးယားလိဂ်ထက် ပိုကောင်းတဲ့ ရလဒ်တွေကို ယူနေပါတယ်။ ဒီပွဲကို အနိုင်ကစားတာနဲ့ နောက်တစ်ဆင့်တက်သွားပြီဖြစ်ပြီး၊ ပရီးမီးယားလိဂ်ကို ပိုပြီး အာရုံစိုက်ဖို့ အခွင့်အရေးကောင်းဖြစ်တယ်။ ဒါကြောင့် မန်စီးတီးအမှားခံမယ် မထင်ဘူး။ ပထမအကျော့တုန်းကတော့ မန်စီးတီးကွင်းမှာ ဂိုးပြတ်နိုင်ခဲ့ပြီး ဒီပွဲကတော့ ဒီလောက်လွယ်ကူ မယ်မထင်ဘူး။ (၁-၂၊ ၁-၃)လောက် ဖြစ်မယ်ထင်တယ်။
ဘိုင်ယန်မြူးနစ် - ဆာလ်ဇ်ဘာ့ဂ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၆ ရက်၊ နံနက် ၀၂:၃၀ နာရီ)
နောက်ဆုံးကစားခဲ့တဲ့ ဝါဒါဘရီမင်နဲ့ပွဲမှာ သရေကျခဲ့တာ က ဘိုင်ယန်မြူးနစ်ရဲ့ နိုင်ပွဲဆက်နေမှုကို ရပ်တန့်စေခဲ့သလို၊ သွင်းဂိုးလည်း တစ်ဂိုးသာ သွင်းယူနိုင်ခဲ့တယ်။ ဒီရာသီမှာ ဂိုးမိုးရွာတဲ့ ပွဲတွေကိုလည်း မြင်နေရဆဲဖြစ်ပေမဲ့ မနှစ်က ဒုတိယရာသီဝက်ခြေစွမ်းမျိုး၊ ရလဒ်မျိုးမဟုတ်သေးတာလည်း တွေ့ရတယ်။ ဒါပေမဲ့ ဆာလ်ဇ်ဘာ့ဂ်နဲ့ ကစားခဲ့တဲ့ ပထမပွဲတုန်းကတော့ ဘိုင်ယန်မြူးနစ် (၆)ဂိုးသွင်းခဲ့တယ်။ ဆာလ်ဇ်ဘာ့ဂ်က အစောပိုင်းမှာ ဂိုးတွေ အပြန်အလှန်လိုက်သွင်းခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဘိုင်ယန်မြူးနစ်ကို ဂိုးတွေ ဆက်တိုက်ပေးခဲ့ရတယ်။ ဒီပွဲက ဘိုင်ယန်အတွက်တော့ သရေပွဲကနေ၊ (၁)ဂိုးသာရခဲ့တဲ့ ပွဲကနေ ပြန်လာဖို့ ကြိုးစားရမဲ့ပွဲဖြစ်ပြီး ဂိုးတွေသွင်းနိုင်ဖို့လည်း အာရုံစိုက်နေမယ်ထင်တယ်။ ဂိုးပြတ်မယ်။
အက်သလက်တီကို - လိုကိုမိုးတစ်မော်စကို (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၆ ရက်၊ နံနက် ၀၂:၃၀ နာရီ)
လိုကိုမိုးတစ်ကွင်းမှာ ကစားခဲ့တဲ့ပွဲတုန်းက သရေကျခဲ့တာကလွဲရင် အက်သလက်တီကိုက နိုင်ပွဲတွေဆက်တိုက်ရနေတာ တွေ့ရတယ်။ တိုက်စစ်ပိုင်းကလည်း လိုကိုမိုးတစ်နဲ့ သရေပွဲ၊ ဘာစီလိုနာကို နိုင်တဲ့ပွဲတွေမှာ (၁)ဂိုးစီသာရခဲ့ပေမဲ့ ပွဲအများစုက ဂိုးတွေများခဲ့တာတွေ့ရတယ်။ မနှစ်က အက်သလက်တီကိုကနေ နည်းနည်းလေး ခွဲထွက်လာတာက ဂိုးတွေ သွင်းလာတယ်၊ ပေးလာတယ်ဆိုတာကို တွေ့ရတယ်။ ဒီပွဲက နောက်တစ်ဆင့်တက်သွားစေမဲ့ ပွဲမျိုးလည်းဖြစ်တယ်။ အရေးကြီးတာက နိုင်ပွဲယူထားဖို့ဖြစ်ပြီး အက်သလက်တီကို (၂-ဝ)ဂိုးလောက်နဲ့ နိုင်သွားဖို့များတယ်။
လီဗာပူးလ် - အတ္တလန်တာ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၆ ရက်၊ နံနက် ၀၂:၃၀ နာရီ)
ပထမအကျော့ရလဒ်ကတော့ တကယ့်ကို မယုံနိုင်စရာရလဒ်ပါ။ ဒီရာသီ အတ္တလန်တာက အရှိန်ကုန်သလိုဖြစ်သွားပေမဲ့ အိမ်ကွင်းမှာ လီဗာပူးလ်ကို (၅)ဂိုးပြတ် ရှုံးလိုက်တာမျိုးအထိတော့ မဖြစ်သင့်ဘူးလို့ ပြောရမယ်။ လီဗာပူးလ်နဲ့ပွဲအပြီး စီးရီးအေမှာလည်း (၂)ပွဲဆက် သရေကျခဲ့ပြီး (၂)ပွဲပေါင်း (၁)ဂိုးသာ သွင်းနိုင်ခဲ့တယ်။ ဒါက အတ္တလန်တာ မထင်မှတ်ဘဲ ရလဒ်တွေဆိုးနေတာမျိုးမဟုတ်ဘဲ အသင်းလိုက်စွမ်းဆောင်ရည်ပါ ကျဆင်းသွားတာကို ပြသနေတယ်။ လီဗာပူးလ်က ဒီပွဲနိုင်ရင် နောက်တစ်ဆင့်တက်ဖို့ သေချာပါပြီ။ အုပ်စုတွင်း ရာနှုန်းပြည့်နိုင်ပွဲရထားသလို၊ ပေးဂိုးလည်း မရှိသေးဘူး။ ပထမအကျော့ရလဒ် အရပဲ ဖြစ်ဖြစ်၊ အစဉ်အလာအရဖြစ်ဖြစ်၊ နောက်ပို်င်းပွဲတွေက ခြေစွမ်းပိုင်းအရပဲ ဖြစ်ဖြစ် ပိုကောင်းတာလည်း သေချာတယ်။ ပြဿနာက ခံစစ်ပိုင်းက ဒဏ်ရာကြောင့် လူမစုံတာပဲ။ ခံစစ်ပြဿနာတွေကြားကပဲ လီဗာပူးလ်နိုင်သွားမှာပါ။
အေဂျက်စ် - မစ်ဂျီလန်း (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၆ ရက်၊ နံနက် ၀၂:၃၀ နာရီ)
မစ်ဂျီလန်းက အိမ်ကွင်းမှာတုန်းက အေဂျက်စ်ကို အကြိတ် အနယ်ကစားခဲ့ပြီး ကပ်ရှုံးခဲ့တယ်။ (၃)ပွဲစလုံး ရှုံးထားတဲ့ မစ်ဂျီ လန်းအတွက် ဒီပွဲမှာလည်း မျှော်လင့်ချက်မရှိနိုင်ဘူး။ အေဂျက်စ်က ဒီအုပ်စုမှာ အတ္တလန်တာနဲ့အဓိက နေရာလုရမဲ့ သဘောဖြစ်ပြီး၊ ဒီပွဲကိုသာ အမှားလုပ်ခဲ့ရင် ရှုံးထွက်အဆင့်နဲ့ ဝေးသွားနိုင်တယ်။ အေဂျက်စ် အမှားကျူးလွန်မယ်မထင်ဘူး။ အေဂျက်စ်ရဲ့ လက်ရှိ Form အရဆိုရင် မစ်ဂျီလန်းကို ဂိုးပြတ်သွင်းဖို့လည်း မခက်ပါဘူး။
အင်တာမီလန် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၆ ရက်၊ နံနက် ၀၂:၃၀ နာရီ)
ဘန်ဇီမာ မပါနိုင်တဲ့ အခြေအနေမှာ ရီးယဲလ်မက်ဒရစ်အတွက် အားနည်းနေတာအမှန်ပဲ။ ပထမအကျော့တုန်းက နိုင်ခဲ့ပေမဲ့ အသည်းအသန်ကစားခဲ့ရပြီး အင်တာမီလန်ရဲ့ကစားအား၊ အရည်အသွေးက ရီးယဲလ်မက်ဒရစ်ကို အင်ပြည့်အားပြည့်အခြေအနေမှာတောင် ဒုက္ခပေးနိုင်စွမ်းရှိတဲ့အနေအ ထားဖြစ်တယ်။ အင်တာမီလန်တိုက်စစ်ပိုင်းမှာ လူကာကူ ဂိုးတွေသွင်းနေသလို၊ ပါရီဆစ်၊ လော်တာရိုမာတီနက်ဇ်တို့ရဲ့ ကြံရည်ဖန်ရည်နဲ့ မာကျောမှုက ဟာဇက်၊ ဗင်နီစီယပ်စ်၊ ရိုဒရီဂိုတို့ရဲ့ ရီးယဲလ်မက်ဒရစ်ထက် ပိုစိတ်ချရတယ်။ အင်တာမီလန်အတွက် ပြဿနာက ကွင်းလယ်ပဲ။ လုပ်အားနှုန်းပိုင်း စိတ်ချရပေမဲ့ ဖန်တီးမှုပိုင်းမှာ ဘာရယ်လာတစ်ဦးတည်းဆီက မျှော်လင့်ရသလို ဖြစ်နေတယ်။ ကရို့စ်-မိုဒရစ်တို့က အတွေ့အကြုံနဲ့ ပွဲတစ်ပွဲကို ထိန်းချုပ်နိုင်ဆဲပါ။ အင်တာမီလန်က ဒီအပိုင်းမှာ ရီးယဲလ်ကို ယှဉ်ကစားနိုင်ရင် တိုက်စစ်ပိုင်းက ရီးယဲလ်ကိုဒုက္ခပေးလိမ့်မယ်။ အင်တာမီလန်ကို ကြိုက်တယ်။
မာဆေးလ် - ပေါ်တို (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၆ ရက်၊ နံနက် ၀၂:၃၀ နာရီ)
မာဆေးလ်က (၃)ပွဲကစားပြီးချိန်အထိ တစ်မှတ်မှ မရသေးဘူး။ ကစားခဲ့ပြီးတဲ့ပွဲတွေက ခြေစွမ်းပိုင်းက မဆိုးဘူးလို့ ပြောနိုင်ပေမဲ့ ဂိုးပြတ်တွေပဲ ရှုံးရှုံးသွားတယ်။ ပိုဆိုးတာက တိုက်စစ်ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပါလျက်နဲ့ ဂိုးတောင် မရသေးတာလည်း တွေ့ရတယ်။ အခု ဒီပွဲကတော့ အိမ်ကွင်း ဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီး မာဆေးလ် တစ်ခုခုလုပ်ပြနိုင်လိမ့်မယ်လို့ထင်တယ်။ ပေါ်တို အလွန်ဆုံး သရေလောက်ပဲ ရလိမ့်မယ်။ မာဆေးလ်ကို ကြိုက်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်