
မြန်မာ Pool ကစားသမား ဘုန်းမြင့် ကျော် (ခ) အားတီသည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ကျင်းပသည့် AK Open 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရကြောင်း သိရသည်။
ဘုန်းမြင့်ကျော်သည် ပြိုင်ပွဲတစ်လျှောက် လက်စွမ်းပြကစားနိုင်သော်လည်း ဗိုလ်လုပွဲတွင် ပြိုင်ဘက်ကစားသမားအား ကပ်၍ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲတွင် လက်ရည်စစ်ပွဲကစားရန်မလိုဘဲ ၃၂ ဦးအဆင့်မှ စတင်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ပြိုင်ပွဲတစ်လျှောက် တရုတ်ကစားသမားများနှင့်တွေ့ဆုံခဲ့ပြီး ပြိုင်ဘက်များကို ပွဲပြတ်အနိုင်ရခဲ့သလို ဆီမီးဖိုင်နယ်တွင် တရုတ်ကစားသမားကို ၁၀-၁ ပွဲဖြင့် အနိုင်ရခဲ့သည်။ ဗိုလ်လုပွဲတွင်လည်း တရုတ်ကစားသမားနှင့် တွေ့ဆုံခဲ့ပြီး ၉-၁၀ ပွဲဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဘုန်းမြင့်ကျော် သည် ဒုတိယဆုရရှိသဖြင့် ဆုကြေးအဖြစ် မြန်မာငွေ ကျပ် ၂၂ သိန်းနှင့်ညီမျှသည့် ပမာဏ ရရှိခဲ့သည်။ "ဗိုလ်လုပွဲမှာ အကြောင်းအရာတွေ အများကြီးတိုက်ဆိုင်သွားလို့ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒိုင်က ဘောလုံးတွေစီတာ မစိပ်တဲ့အတွက် ခွဲဘောထိုးရတာ အခက်အခဲရှိပါတယ်။ ဒါကြောင့် ခွဲဘောတွေ မဝင်ခဲ့ပါဘူး။ ပရိသတ်တွေကလည်း နောက်ဆုံး အလုံးထိုးခါနီးဆိုရင် နှောင့်ယှက်တာတွေ ရှိပါတယ်။ အမှန်တကယ်ဆိုရင် ၉-၉ ပွဲဖြစ်လာစရာမရှိပါဘူး။ သူ့အနေနဲ့ ပြန်လိုက်လာနိုင်စရာကို မရှိပါဘူး။ ချန်ပီယံမဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ပေမဲ့ အတွေအကြုံ ရတယ်လို့ပဲ သတ်မှတ်ပါတယ်။ ဒီပြိုင်ပွဲက သင်ခန်းစာတွေယူပြီး နောက်ပြိုင်ပွဲကြီးတွေအတွက် ကြိုးစားမှာပါ။ နောက်ပြိုင်ပွဲတွေအတွက် အထောက်အကူဖြစ်စေမှာပါ"ဟု ဘုန်းမြင့်ကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
တရုတ်နိုင်ငံ၌ ကျင်းပနေသည့် Pool ပြိုင်ပွဲများတွင် ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ပြုနေပြီဖြစ်ပြီး ဘုန်းမြင့်ကျော်သည် ပြိုင်ပွဲအချို့တွင် ပရိသတ်များ၏ နှောင့်ယှက်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ ဘုန်းမြင့်ကျော်သည် တရုတ်နိုင်ငံတွင် ဆက်လက်နေထိုင်ကာ ပြိုင်ပွဲများ ဆက်လက်ယှဉ် ပြိုင်မည်ဖြစ်ပြီး ယခုလကုန်ပိုင်းတွင်လည်း ပြိုင်ပွဲများ ထပ်မံယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်