Top News

လက်ရှိအချိန်တွင် ယုံကြည်မှုပြည့်ဝနေသည်ဟု ခံစားရကြောင်း ရိုးမားအသင်းနည်းပြ ဖွန်ဆီကာ ဖွင့်ဟ
24htopnews | December 29, 2024 4:12 PM CST

ရိုးမားအသင်းသည် ယခုရာသီစီးရီးအေပြိုင်ပွဲ၌ အဖွင့်ပွဲစဉ်တွင် ဗီရိုနာအသင်းအား (၀-၃)ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့်ပွဲနောက်ပိုင်း နောက်ဆုံး (၇)ပွဲဆက်ရှုံးပွဲမရှိတော့ဘဲ ပွဲစဉ် (၈)အပြီးတွင် အမှတ်ပေးဇယား အဆင့်(၃)နေရာ၌ ရပ်တည်လျက်ရှိသည်။ 

ရိုးမားအသင်းနည်းပြ ပေါ်လိုဖွန်ဆီကာက မိမိတို့အသင်းအနေဖြင့် လက်ရှိအချိန်တွင် ယုံကြည်မှုပြည့်ဝနေသည်ဟု ခံစားရကြောင်း နှင့် မိမိကစားသမားများ၏ စွမ်းဆောင်ရည်ကို ချီးကျူးလိုကြောင်းပြောကြားခဲ့သည်။ 

ရိုးမားအသင်းသည် ယခုရာသီစီးရီးအေပြိုင်ပွဲ၌ အဖွင့်ပွဲစဉ်တွင် ဗီရိုနာအသင်းအား (၀-၃)ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့်ပွဲနောက်ပိုင်း နောက်ဆုံး (၇)ပွဲဆက်ရှုံးပွဲမရှိတော့ဘဲ ပွဲစဉ် (၈)အပြီးတွင် အမှတ်ပေးဇယား အဆင့်(၃)နေရာ၌ ရပ်တည်လျက်ရှိသည်။ 

ဖွန်ဆီကာက "ကျွန်တော်တို့အသင်းဟာ ယုံကြည်မှုပြည့်ဝနေတယ်လို့ ခံစားရပါတယ်။ ပါးမားအသင်းကိုအနိုင်ရတဲ့ပွဲမှာဆို ကျွန်တော်တို့ဟာ စိတ်လှုပ်ရှားစရာစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ဒီထက်ပိုပြီးဂိုး တွေရနိုင်တဲ့အခြေအနေမှာရှိခဲ့ပါတယ်။ ကျွန်တော်ထင်တာကတော့ အသင်းဟာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာဆို ပွဲကိုစိတ်ကြိုက်ထိန်းချုပ်သွားခဲ့တာပါ" ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ထို့ပြင် ဖွန်ဆီကာက အသင်းခေါင်းဆောင် ဂျက်ကိုအား အရေးပါသည့်ကစားသမားဟု ချီးကျူးခဲ့သလို၊ ပါးမားနှင့်ပွဲတွင် (၂)ဂိုးသွင်းယူခဲ့သည့် မစ်ခီတာရီယန်၏ စွမ်းဆောင်ရည် နှင့်ပတ်သက်၍လည်း အံ့အားသင့်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ဖွန်ဆီကာက "မစ်ခီတာရီယန်ဟာ ထိပ်တန်းအဆင့်ကစားသမားတစ်ဦးလို့ ကျွန်တော်အမြဲပြောခဲ့ပါတယ်။ ဒီအတွက်လည်း သူ့ရဲ့စွမ်းဆောင်မှုတွေနဲ့ပတ်သက်လို့ အံ့အားသင့်စရာမရှိပါဘူး" ဟုချီးကျူးပြောကြားခဲ့သည်။ 

မစ်ခီတာရီယန်သည် ယခုရာသီ တွင်ရိုးမားအသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး စီးရီးအေ (၈)ပွဲကစားထားရာတွင် (၅)ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု (၄)ကြိမ်ပြုလုပ်ထားနိုင်သူဖြစ်သည်။ ထို့ပြင် ဖွန်ဆီကာက လက်ရှိတွင် မိမိအနေဖြင့် အသင်းနှင့်စာချုပ်သစ်ကိစ္စကို ပူပန်မှုမရှိဘဲ၊ ရလဒ်ကောင်းမွန်ရေးကိုသာ တွေးတောထားကြောင်း ပြောကြားခဲ့သည်။


READ NEXT
Cancel OK