Top News

အိန္ဒိယက ဗိုင်းရပ်စ်စိုးရိမ်မှုကြောင့် တာ့ဂျ်မဟာအား ပိတ်ထားမည်
24htopnews | December 29, 2024 3:12 PM CST

ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းရန် ကြိုပမ်းမှုအဖြစ် အိန္ဒိယသည် တာ့ဂျ်မဟာသို့ ခရီးသွားလာရောက်ပတ်ခြင်းကို မတ် ၁၇ ရက်မှစ၍ ပိတ်ပင်တော့မည်ဖြစ်ကြောင်း အိန္ဒိယခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သမိုင်းဝင်အဆောက်အအုံများနှင့် ပြတိုက်များသို့ လာရောက်လည်ပတ်ခွင့် လက်မှတ်အားလုံးကို မတ် ၃၁ ရက်နေ့အထိ ပိတ်ပင်ထားမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး ပရာဟလတ်ပါတယ်က မတ် ၁၆ ရက်တွင် Twitter မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ လူဦးရေ ၁.၃ ဘီလျံနေထိုင်ပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ဒုတိယမြောက်နိုင်ငံဖြစ်သော အိန္ဒိယတစ်ဝန်းတွင် ရုပ်ရှင်ရုံများ၊ စာသင်ကျောင်းများ၊ ဖျော်ဖြေရေးနှင့် သက်ဆိုင်သည့် အဆောက်အအုံအများစုကို ပိတ်ထားပြီးဖြစ်သည်။

နိုင်ငံတွင်းသို့ ခရီးသွားဝင်ရောက်မှုအားလုံးကို ပိတ်ပင်ထားပြီး ဥရောပသမဂ္ဂ၊ ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများ၊ တူရကီ၊ ဗြိတိန်မှ ရောက်ရှိလာသည့် ခရီးသည်များအားလုံးကို မတ် ၁၈ ရက် မှစတင်၍ နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်မည်ဖြစ်သည်။ အိန္ဒိယတွင် ကိုရိုနာဗိုင်း ရပ်စ်ကြောင့် သေဆုံးသူနှစ်ဦးရှိနေပြီး လူ ၁၁၄ ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရသည်။

 

 


READ NEXT
Cancel OK