Top News

ယခုရာသီကုန်တွင် လိုင်ယွန်အသင်းနှင့်လမ်းခွဲမည်ဟု နည်းပြ ဂျီနီဆီယို အတည်ပြု 
24htopnews | December 29, 2024 3:12 PM CST

လိုင်ယွန်အသင်းနှင့် ဂျီနီဆီယို၏ စာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဂျီနီစီယိုက ၎င်းအနေဖြင့် အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုတော့မည်မဟုတ်ဘဲ ရာသီအကုန်တွင် အသင်းနှင့် လမ်းခွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လိုင်ယွန်အသင်းနည်းပြ ဂျီနီဆီယိုက ယခုရာသီကုန်တွင် အသင်းနှင့် လမ်းခွဲမည်ဟု အတည်ပြုပြောကြားခဲ့သည်။

 

လိုင်ယွန်အသင်းနှင့် ဂျီနီဆီယို၏ စာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဂျီနီစီယိုက ၎င်းအနေဖြင့် အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုတော့မည်မဟုတ်ဘဲ ရာသီအကုန်တွင် အသင်းနှင့် လမ်းခွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လိုင်ယွန်အသင်းသည် ၂၀၁၉ ခုနှစ်အစပိုင်း ဂျီနီဆီယိုအား စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ််းခဲ့သော်လည်း နောက်ပိုင်းတွင် ရလဒ်များဆိုးရွားလာသဖြင့် စာချုပ်သက်တမ်းတိုးမည့်ကိစ္စကို ရပ်ဆိုင်းခဲ့သည်။ 

ဂျီနီဆီယိုက “ အခုချိန်မှာ အသင်းက အနုတ်သဘောဆောင်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါက အသင်းအပေါ် ထိခိုက်သလို ကစားသမားတွေရဲ့ခြေစွမ်းကိုလည်း ဆွဲချရာကျပါတယ်။ ဒါကြောင့် အသင်းဥက္ကဌနဲ့ တိုင်ပင်ပြီး ရာသီကုန််မှာ စာချုပ်သက်တမ်းမတိုးဖိို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ” ဟု ပြောကြားခဲ့သည်။ 

ဂျီနီဆီယိုသည် လိုင်ယွန်အသင်းကို ၂၀၁၅ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံပွဲပေါင်း (၁၇၆) ပွဲကိုင်တွယ်ရာတွင် (၉၅) ပွဲနိုင်၊ (၃၅) ပွဲသရေ၊ (၄၆) ရှုံးရလဒ်ကို ရရှိခဲ့သည်။

ဂျီနီဆီယို၏သတင်းထွက်ပေါ်လာပြီိးနောက် မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟိုအနေဖြင့် လိုင်ယွန်အသင်းနည်းပြသစ်ဖြစ်လာရန် အလွန်နီးစပ်နေကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။

သို့သော် လိုင်ယွန်အသင်းဥက္ကဌ အူလက်စ်ကမူ မိမိတို့အနေဖြင့် မော်ရင်ဟို၏ လစာကို ပေးချေရန် ခက်ခဲဖွယ်ရှိကြောင်း ဝန်ခံထားသည်။


READ NEXT
Cancel OK