Top News

Idiots အဖွဲ့ဝင် အဆိုတော်ရေမွန် ရုတ်တရက် ကွယ်လွန်
24htopnews | December 28, 2024 6:12 PM CST

Idiots အဖွဲ့ဝင် အဆိုတော် ရေမွန်သည်  ဇွန် ၂၃ ရက် နံနက်ပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း အနုပညာရှင်အသိုင်းအဝိုင်းထံမှ သိရှိရသည်။

Idiots အဖွဲ့ဝင် အဆိုတော်ရေမွန် ကွယ်လွန်သည်မှာ သတင်းမှန်ကန်ကြောင်း Idiots အဖွဲ့က ဇွန် ၂၃ ရက် နံနက် ၁၁ နာရီကျော်က အတည်ပြုထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်တွင် “မျှော်လင့်မထားတဲ့ သတင်းဆိုးတစ်ခုကို ကျွန်တော်တို့ ကြုံလိုက်ရပီဗျာ။ ကျွန်တော်တို့ရဲ့ Raymond ဘဝတစ်ပါးသို့ ကူးပြောင်းသွားပါပီ။ စိတ်ထားကောင်းတဲ့ Raymond... ကောင်းမွန်တဲ့ဘုံဘဝ ရောက်မှာပါ သူငယ်ချင်း Rest In Power Brother” ဟု ဖော်ပြထားသည်။

Idiots အဖွဲ့ဝင် အဆိုတော်ရေမွန်သည် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရေမွန် ကွယ်လွန်သည့် သတင်းကြောင့် သူ့၏ပရိသတ်များက လူမှုကွန်ရက် စာမျက်နှာများတွင် ဝမ်းနည်းကြောင်း ရေးသားပြောဆိုမှုများရှိနေပြီး ဝမ်းနည်းခြင်း အထိန်းအမှတ်အဖြစ် ၎င်းတို့၏ Facebook Profile picture များကို အမဲရောင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် အဆိုတော် ရေမွန်သည် ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK