
COVID-19 ရောဂါကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများ ဦးမော့လာရေးအတွက် ထပ်မံထုတ်ချေးမည့် ချေးငွေအစီအစဉ် ကျပ်ဘီလျံ ၂၀၀ မှ ၅၀၀ အထိ ထုတ်ချေးမည့်အစီအစဉ် အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
“စီးပွားရေးထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအတွက် ကျပ်ဘီလျံ ၂၀၀ မှ ၅၀၀ အထိ ထပ်မံထုတ်ချေးမည့်အစီအစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး ပြန်လည်ဦးမော့ရေးကို အထောက်အကူပြုစေမှာဖြစ်ပါတယ်” ဟု UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
ဇွန် ၁၆ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း (စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ)၊ ဒုတိယဝန်ကြီး ဦးဆက်အောာင် CERP နှင့် Economic Recovery Plan ရေးဆွဲသူ)၊ ဦးဇော်မင်းဝင်း (ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCCI) တို့နှင့် အပြန်အလှန် ဆွေးနွေးခြင်းအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုတွင် UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယခုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အဓိကနိုင်ငံအတွက် လိုအပ်နေသည့် အခြေခံအဆောက်အအုံတည်ဆောက် ရေးလုပ်ငန်းများတွင် ပိုမိုသုံးစွဲခြင်းဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အထောက်အကူဖြစ်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ဦးဇော်မင်းဝင်းက တင်ပြခဲ့သည်။
“ဦးဇော်မင်းဝင်းကနေပြီးတော့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေဘက်က အစိုးရက ပိုသုံးပါလို့ ပြောလိုက်တဲ့အခါကတော့ စီမံဘဏ္ဍာဘက်ကလည်း နည်းနည်းစဉ်းစားရပါတယ်။ အစိုးရက ပိုပြီးသုံးပါဆိုတာကလည်း စီမံဘဏ္ဍာရဲ့ တာဝန်က အဝင်နဲ့အထွက်မျှတဖို့ အရေးကြီးတယ်။ သုံးသုံးပြီးတော့ အကြွေးတွေတင်နေရင် ဘယ်လိုလုပ်မလဲ။ ဒါကတာ ဝန်မဲ့တာပေါ့။ စီမံဘဏ္ဍာဝန်ကြီးက ကပ်စေးနှဲတာဖြစ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စီမံဘဏ္ဍာဝန်ကြီးဌာနကနေပြီးတော့ အသုံးနဲ့ ပတ်သက်ရင် သတိထားလို့အခုချိန်မှာ တကယ်သုံးဖို့လိုတဲ့အချိန်မှာ သုံးနိုင်တဲ့အခြေအနေရှိတယ်။ ကျွန်မတို့နိုင်ငံက ချမ်းသာတဲ့နိုင်ငံမဟုတ်ဘူး။ ဒါပေမဲ့ တချို့ကျွန်မတို့ထက် အများကြီးချမ်းသာတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တောင် COVID-19 ကာလမှာ ပြည်သူအတွက် လုပ်ပေးနိုင်ခဲ့တာ အများကြီးရှိတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
COVID-19 ကြောင့် စီးပွားရေးထိ ခိုက်မှုအများဆုံးခံစားရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ SME ကို အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ကနဦးမတည်ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ မှ ချေးငွေထုတ်ချေးမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ Revolving Fund မှ ကျပ်ဘီလျံ ၅၀ နှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀ စုစုပေါင်း ကျပ်ဘီလျံ ၁၀၀ ကို ကနဦးမတည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်၌ COVID-19 Fund ထူထောင်ထားကြောင်း သိရသည်။
လက်ရှိတွင် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် CMP လုပ်ငန်းများစသည်ဖြင့် လုပ်ငန်းပေါင်း ၃၀၀၀ ကျော်ကို ချေးငွေကျပ် ၈၆ ဘီလျံကျော် ထုတ်ချေးထားပြီဖြစ်ကြောင်း စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော် မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
COVID-19 ကြောင့် ထိခိုက်ခဲ့သည့် မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်ရန် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေဒေါ်လာ ၁ ဒသမ ၂၅ ဘီလျံရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်