
နိုင်ငံမှထွက်ပြေးလာသည့် ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆတ်၏ဇနီးက ကွာရှင်းခွင့်တောင်းထားသည်ဆိုသည့်သတင်းများ မဟုတ်မှန်ကြောင်း ရုရှား အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားထားသည်။
အာဆတ်၏ဇနီး အက်စမာအယ်လ်အာဆတ်က ၎င်း၏အိမ်ထောင်ရေးကိုအဆုံးသတ်ရန် ဆန္ဒဖြစ်နေပြီး ရုရှားမှထွက်ခွာချင်နေသည်ဟု တူရကီသတင်းမီဒီယာများက ဖော်ပြခဲ့ကြပြီး ထိုသတင်းများနှင့်ပတ်သက်၍ လတ်တလောသတင်းစာရှင်းလင်းပွဲတွင် ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီပက်စေကော့ဗ်က သတင်းအမှန်မဟုတ်ဟုတုံ့ပြန်ဖြေခဲ့သည်။ ထို့ပြင် အာဆတ်အား မော်စကိုတွင် အချုပ်အချယ်နှင့်ထားသည် ၊ ၎င်း၏ပိုင်ဆိုင်မှုများကိုလည်း ထိန်းချုပ်ထားသည်ဆိုသည့် သတင်းများကိုပါ ပြောခွင့်ရသူက ငြင်းဆိုခဲ့သည်။
သို့သော်တူရကီမီဒီယာ၏ ဖော်ပြချက်၌ အာဆတ်တို့မိသားစုသည် မြို့တော်မော်စကိုတွင် ကန့်သတ်ချုပ်ချယ်မှုများအောက်နေထိုင်နေရသည် ၊ နောက်ပြီးအာဆတ်၏ဇနီးက ကွာရှင်းခွင့်တောင်းထားပြီး ၎င်း၏မွေးရပ်ဖြစ်သည့် လန်ဒန်မြို့သို့ပြန်ချင်နေသည်ဟု ဖော်ပြခဲ့သည်။
အက်စမာအာဆတ်သည် ဆီးရီးယားနှင့်ဗြိတိန်နိုင်ငံသားနှစ်ခုခံယူထားသူဖြစ်သည်။သို့သော် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ၎င်းအား လန်ဒန်သို့ပြန်လာခွင့်မပြုဟု ထုတ်ပြန်ကြေညာထားသည်။
အက်စမာသည် အရေးယူပိတ်ဆို့ခံထားရသူဖြစ်သည့်အတွက် ၎င်းအားလက်မခံတော့ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဒေးဗစ်လမ်မီက ယခုလအတွင်း ပါလီမန်တွင်ကြေညာသွားခြင်းဖြစ်သည်။ အာဆတ်မိသားစုဝင်တစ်ဦးမှ ဗြိတိန်တွင်နေစရာမရအောင် ၎င်းကအတတ်နိုင်ဆုံး ကြိုးစားမည်ဟု လမ်မီက ပြောဆိုထားသည်။
သမ္မတဟောင်းအာဆတ်သည် ဆီးရီးယားမှထွက်ခွာပြီး ရုရှားသို့ပြေးရန်ရည်ရွယ်ချက်မရှိခဲ့ဟု မြို့တော်ဒမတ်စကတ်အသိမ်းခံရပြီးနောက် ၎င်း၏ပထမဆုံးဖွင့်ဟ ချက်တွင်ပြောခဲ့သည်။ယခင်အစိုးရအပိုင် တယ်လီဂရမ်ချန်နယ်တစ်ခုတွင် ဒီဇင်ဘာ ၁၆ ရက်နေ့က တင်ထားခြင်းဖြစ်ပြီး ယင်းချန်နယ်ကို လက်ရှိမည်သူက ချုပ်ကိုင်ထားသည်၊ အာဆတ်ဖွင့်ဟချက်က အစစ်အမှန်ဟုတ်မဟုတ်ကို သေချာမသိရပေ။
စာထဲတွင် အာဆတ်က မြို့တော်ဒမတ်စကတ်ကို အတိုက်အခံတပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီးနောက် လာတာကီယာပြည်နယ်ရှိ ရုရှားစစ်အခြေစိုက်စခန်းသို့သွားကာ စစ်ဆင်ရေးကိုကြီးကြပ်ရန် ကြိုးပမ်းခဲ့ကြောင်း၊ သို့သော်ဆီးရီးယားအစိုးရတပ်ဖွဲ့များက ၎င်းတို့စခန်းများကို စွန့်ခွာသွားပြီဖြစ်ကြောင်း ရေးသားထားသည်။ ထို့ပြင် Hmeimim လေတပ်စခန်းကလည်း ဒရုန်းများဖြင့်တိုက် ခိုက်ခံရပြီး ရုရှားက ၎င်းကိုလေယာဉ်ဖြင့် မော်စကိုသို့ပို့ပေးရန် ဆုံးဖြတ်လိုက်ကြောင်း အာဆတ်ကပြောသည်။
ဒီဇင်ဘာ ၉ ရက်တွင် ရုရှားမီဒီယာက အာဆတ်တို့မိသားစုမော်စကိုသို့ရောက်နေကြောင်းနှင့် ၎င်းတို့ကို နိုင်ငံရေးခိုလှုံခွင့်ပေးထားကြောင်း ထုတ်ပြန်ခဲ့သည်။အာဆတ်ပြုတ်ပြီး နောက်တစ်နေ့ ဒီဇင်ဘာ ၉ ရက်မှာ ပင် ဗြိတိန် ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီအပါအဝင် ဥရောပနိုင်ငံအချို့က ဆီးရီးယားဒုက္ခသည်များ၏ နိုင်ငံရေးခိုလှုံ ခွင့်တောင်းမှုကိစ္စရပ်များ စီမံဆုံးဖြတ်ခြင်းကိုရပ်နားလိုက်ပြီဖြစ်ကြောင်း အသီးသီးထုတ်ပြန်ကြေညာလာ ကြသည်။
Ref: BBC
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်