Top News

မဲခေါင်ဒေသအရှေ့အနောက်စင်္ကြံမဟာဗျူဟာလမ်းပေါ်ရှိ ပဲခူးတိုင်းဒေသကြီး၌ ရင်းနှီးမြှုပ်နှံသူများအတွက် စျေးအသင့်အတင့်သာရှိသည့် မြေဧက ၃၆၀၀၀ ကျော်ရှိနေသဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်
24htopnews | December 25, 2024 5:12 AM CST

ပဲခူးတိုင်းဒေသကြီးသည် အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊အနောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့နှင့် ဆက်သွယ်ထားသည့် မဲခေါင်ဒေသအရှေ့အနောက်စင်္ကြံမဟာဗျူဟာလမ်း ပေါ်တွင်ရှိပြီး ရင်းနှီးမြှုပ်နှံသူများအတွက် စျေးအသင့်အတင့်သာရှိသည့် မြေဧက ၃၆၀၀၀ ကျော်ရှိနေသဖြင့်  လာရောက်ရင်း နှီးမြှုပ်နှံကြရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညွှန့်ရွှေ က ပြောကြားသည်။

နေပြည်တော်တွင် စက်တင်ဘာ ၁၀ နှင့် ၁၁ရက်က ကျင်းပသည့် Myanmar Global Investment Forum အခမ်းအနား၌ ဝန်ကြီးဦးညွန့်ရွှေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပဲခူးတိုင်းမှာ ၂၈ မြို့နယ်ရှိပါတယ်။အဲဒီ ၂၈ မြို့နယ်မှာ ဇုန်နှစ်ခုသတ်မှတ်ထားတာရှိပါတယ်။ဇုန်-၁ ဟာ ရွှေကျင်-မိုးညို-ထန်း တပင်-ကျောက်ကြီး-ပေါက်ခေါင်းဆိုပြီးတော့မှ အခွန်ကင်းလွတ်ခွင့်ခုနစ်နှစ်ပေး ထားပါတယ်။ ကျန်တဲ့ ၂၃ မြို့နယ်က အခွန်ကင်းလွတ်ခွင့် ငါးနှစ်ပေးထားပါတယ်”ဟု ဝန်ကြီးဦးညွန့်ရွှေက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေး နှင့် မွေးမြူရေးကိုအဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ ဆန်စပါး နှင့်သီးနှံမျိုးစုံအပါအဝင် စိုက်ပျိုးထုတ်လုပ်သည့်ဒေသဖြစ်သည်။

“ကော်မရှင်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုခွင့် ပြုပေးထားတဲ့အထဲမှာ အထည်ချုပ်လုပ်ငန်း တွေများစွာရှိပါတယ်။သစ်အခြေခံလုပ်ငန်း၊ ရော်ဘာအခြေခံသည့်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ မွေးမြူရေးနှင့် တိရစ္ဆာန်အစားအစာထုတ်လုပ်ရောင်းချ တဲ့ လုပ်ငန်း၊မော်တော်ယာဉ်နှင့်ဆက်စပ်လုပ်ငန်းတွေရှိပါတယ်။အထူးသဖြင့် သကြားလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ဘီယာ၊လက်ကိုင်အိတ်၊ လယ်ယာထွက်ကုန်၊ သစ်သီးဝလံလုပ်ငန်းအပြင် ဆီ သွတ်ဘူး၊ သင်္ဘောဆေးစသည်ဖြင့် လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်ဟု ဝန်ကြီး ဦးညွန့်ရွှေက ပြောကြားသည်။

ထို့ပြင် အိမ်ရာအဆောက်အအုံလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့်စက်မှုဇုန်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

“ရင်းနှီးမြှုပ်နှံမှုအတွက် စျေးအသင့်အတင့်နဲ့မြေဧကပေါင်း ၃၆၀၀၀ ကျော်လောက် ကျွန်တော်တို့ဆီ ရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးတွင် အကျယ်အဝန်း ဧရိယာစတုရန်းမိုင်ပေါင်း ၁၅၂၁၄ ဒသမ ၁ မိုင်ရှိကြောင်း၊အသက်အပိုင်းအခြားအားဖြင့် ၁၅နှစ်မှ ၄၉ နှစ်ကြား လူဦးရေ သည်  ၃ ဒသမ ၂ သန်းခန့်သာရှိသည့်အတွက် တစ်နည်းအားဖြင့် အလုပ်လုပ် နိုင်သည့်အင်အား ၃ ဒသမ ၂ သန်းခန့်ရှိသည့်အတွက် လုံလောက်သည့်လုပ်သားအင်အားရှိကြောင်း ဝန်ကြီးဦးညွှန့်ရွှေက ဆိုသည်။

ပဲခူးတိုင်းဒေသကြီးသည် ရန်ကုန်မြို့ နှင့်မိုင် ၅၀ ခန့် ကွာဝေးပြီး မြေဧရိယာကျယ် ကျယ်ဝန်းဝန်းရှိနေသည့် ပဲခူးတိုင်းဒေသကြီး သို့ လာရောက်ရင်းနှီးမြှုပ်ကြရန် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများကို တိုက်တွန်းခဲ့သည်။

 


READ NEXT
Cancel OK