
လက်ရှိကာလတွင် မျိုးစေ့များကို ပြည်ပနိုင်ငံများမှ တင်သွင်းနေရပြီး လာမည့်ငါးနှစ်သို့မဟုတ် ၁၀ နှစ်တာကာလအတွင်း မျိုးစေ့တင်ပို့ရောင်းချသည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိ ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
အဆိုပါမျှော်လင့်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မျိုးစေ့ကဏ္ဍ ရှိ ပါဝင်ပတ်သက်နေသူများဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ မျိုးစေ့ဌာနခွဲ၊သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့်အကောက်ခွန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စသည့် ဌာနဆိုင်ရာများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ မျိုးစေ့ထုတ်လုပ်သည့် တောင်သူအစုအဖွဲ့များ အားလုံးတို့က ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။
ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့် ကြုံတွေ့နေရသည့်အတွက် ရာသီဥတုဖောက် ပြန်မှုကို မြန်မြန်ဆန်ဆန် ပြန်လည်တုံ့ပြန် နိုင်မည့် မျိုးကောင်းမျိုးသန့်များ၊ မျိုးသစ်များ ဖြင့် အစားထိုးပြောင်းလဲနိုင်မှသာ တောင်သူများ၏ ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ၏အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP တိုးတက်ရေးကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
မျိုးစေ့ကဏ္ဍတွင် လက်ရှိကျင့်သုံးနေ သော ဥပဒေလုပ်ထုံးလုပ်နည်းများကို ပုဂ္ဂလိကကဏ္ဍက အဆင်ပြေစွာလိုက်နာနိုင်ရန် ပြန်လည်သုံးသပ ်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် ဆွေးနွေးပွဲများ ကျင်းပပြီး မျိုးစေ့ကဏ္ဍတွင် ပါဝင်ပတ်သက်သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးကောင်းမျိုးသန့်များကို တောင်သူများ အလွယ်တကူရရှိအသုံးပြုနိုင်ရန် မျိုးစေ့ထုတ်လုပ်မှုတွင် မျိုးစေ့အဆင့်အလိုက် သက်ဆိုင်ရာမျိုးစေ့ထုတ်လုပ်သူများက ဆောင်ရွက်ပြီး စျေးကွက်နှင့်ကိုက်ညီသည့် မျိုးများ၏လိုအပ်သည့်ပမာဏအား စိုက်ပျိုးရာသီနှင့် အချိန်ကိုက်ထုတ်လုပ်နိုင်ရန်အတွက် မျိုးစေ့ထုတ်လုပ်မှုစနစ်တစ်ရပ်တည်ဆောက်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
စီးပွားဖြစ်မျိုးစေ့ထုတ်လုပ်မှုဖွံ့ဖြိုးလာရေးကို မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် WHH (Welthungerhilfe) က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်