
စစ်ပွဲဖြစ်ပွားနေသည်မှာ ၁၄ လကျော် ကြာမြင့်လာချိန်တွင် ဂါဇာ၌ ထိန်းသိမ်းခံထားရသော ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက် ဆွေးနွေးရာတွင် တိုးတက်မှုအချို့ရရှိထားသည်ဟု ဒီဇင်ဘာ ၂၃ ရက်တွင် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေးနှင့်ဓားစာခံ ပြန်လွှတ်ရေး အပေးအယူတို့နှင့်စပ်လျဉ်း၍ တိုးတက်မှုရရှိကြောင်း ပါလက်စတိုင်းစစ်သွေး ကြွအုပ်စုများက ပြောကြားခဲ့ပြီးနောက် နှစ်ရက်အကြာတွင် လွှတ်တော်၌ အစ္စရေး၏ ဝန်ကြီးချုပ်၏ပြောဆိုမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။
လွန်ခဲ့သောရက်ပိုင်းတွင် ကာတာ၊အီဂျစ်၊ အမေရိကန်ပြည်ထောင်စုတို့ကကြားဝင်ဆောင်ရွက်ပေးသဖြင့် ဒိုဟာတွင် အစ္စရေးနှင့် ဟားမာ့စ်တို့ သွယ်ဝိုက်ဆွေးနွေးမှုများလုပ်ခဲ့သည်။ ထို့ကြောင့်ခက်ခဲသော သဘောတူ ညီချက်ရရှိတော့မည်ဟူသော မျှော်လင့်ချက် ပြန်ပေါ်လာခဲ့သည်။
“ကျွန်တော်တို့လုပ်ဆောင်နေတဲ့ကိစ္စတိုင်းကို အကုန်ဖွင့်ချပြလို့မရနိုင်ပါဘူး။ ဓားစာခံတွေကို ပြန်ခေါ်ဖို့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ လုပ်နေပါတယ်။ တိုးတက်မှုအချို့ရှိတယ်လို့တော့ ကျွန်တော်သတိထား ပြောချင်ပါတယ်။ သူတို့အားလုံးကို အိမ်ပြန်ရောက်လာတဲ့အထိ လုပ်ဆောင်နေတာတွေကို ကျွန်တော်တို့ ရပ်သွားမှာမဟုတ်ပါဘူး”ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ခင်ဗျားတို့ အကြောင်းကို စဉ်းစားနေပါတယ်။ ကျွန်တော်တို့ချစ်ရသူတွေလည်းဖြစ်ရတဲ့ ခင်ဗျားတို့ရဲ့ချစ်ရသူတွေအတွက် ကျွန်တော်တို့လက်လျှော့သွားမှာမဟုတ်ဘူးဆိုတာကို ဓားစာခံ တွေရဲ့မိသားစုတွေကို ကျွန်တော်ပြောချင်ပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အစိုးရ၏စေ့စပ်ဆွေးနွေးရေး ကြိုးပမ်းမှုများတွင် ရိုးသားမှုကို ဓားစာခံမိသားစုများက မေးခွန်းထုတ်ထားကြသည်။ ဝေဖန်သူများကလည်း နေတန်ယာဟုသည် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ရပ်ဆိုင်းသွားအောင်လုပ်နေသည်ဟု စွပ်စွဲနေသည်မှာ ကြာပြီဖြစ်သည်။
ဟားမာ့စ်၊ အစ္စလာမ်မစ်ဂျီဟတ်၊ ပါလက်စတိုင်းလွတ်မြောက်ရေးအတွက် လက်ဝဲ Popular Front တို့က တိုးတက်မှုရရှိကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင်ပြောကြားခဲ့သည်။
“(အပစ်ရပ်ရေးနဲ့ အကျဉ်းသားလဲလှယ်ရေး) သဘောတူညီချက်ရရှိဖို့ ဖြစ်နိုင်ခြေဟာ အရင်ကထက် ပိုမိုနီးစပ်လာပါတယ်။ ရန်သူဘက်က အချက်အလက်သစ်တွေကို ချမှတ်တာကို ရပ်လိုက်တာကြောင့်ဖြစ်ပါတယ်”ဟု ကိုင်ရိုဆွေးနွေးပွဲအပြီးတွင် ပါလက်စတိုင်း စစ်သွေးကြွအုပ်စုများက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ဟားမာ့စ်တိုက်ခိုက်မှုအတွင်း ၂၅၁ ဦး ပြန်ပေးဆွဲခံခဲ့ရသည်။ ၎င်းတို့ထဲက ၉၆ ဦးသည် ဂါဇာတွင်ဓားစာခံများအဖြစ် ရှိနေဆဲဖြစ်သည်။ ဓားစာခံ ၃၄ ဦးသေဆုံးခဲ့သည်ဟု အစ္စရေးစစ်တပ်က ကြေညာထားသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲတွင် တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီးကတည်းက စေ့စပ်ဆွေးနွေးမှုများသည် အမျိုးမျိုးသောစိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသည်။ စစ်အပြီးတွင် ဂါဇာကိုမည်သူအုပ်ချုပ်မလဲဆိုသည့် ပြဿနာရှိနေသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်