Top News

ထိုင်ဝမ်အတွက် အမေရိကန်၏စစ်ရေးအကူအညီကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ် ပြောကြား
24htopnews | December 24, 2024 7:12 PM CST

ထိုင်ဝမ်အတွက် အမေရိကန်၏ စစ်ရေးအကူအညီကို ပြင်းပြင်းထန်ထန်ဆန့်ကျင် ကန့်ကွက်ကြောင်း တရုတ်က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထိုင်ဝမ်အတွက် ကာကွယ်ရေးအထောက်အပံ့ ဒေါ်လာ ၅၇၁ ဒသမ ၃ သန်း ကို အတည်ပြုခဲ့ပြီးနောက် တရုတ်၏ ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဘိုင်ဒင်သည် ထိုင်ဝမ်ကို ကူညီထောက်ပံ့ပေးရန်အတွက် ကာကွယ်ရေးဥပဒေပိုဒ်ခွဲများ၊ ကာကွယ်ရေးဝန်ကြီး ဌာန၏ ဝန်ဆောင်မှုများ၊ စစ်ပညာနှင့်စစ်သင်တန်းပေးမှုများတွင် ဒေါ်လာ ၅၇၁ ဒသမ ၃ သန်းအထိ အသုံးပြုရန် ဒီဇင်ဘာ ၂၀ ရက်က အတည်ပြုခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

ထိုင်ဝမ်အတွက် ဒေါ်လာ ၅၆၇ သန်းတန်ကြေးရှိ အကူအညီအတည်ပြုခဲ့ပြီးနောက် သုံးလမပြည့်မီအချိန်မှာပင် အတည်ပြုခဲ့သည့် ယခုစစ်ရေးအကူအညီ၏ အသေးစိတ် အချက်အလက်များကို အိမ်ဖြူတော်က ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

“ဒီလုပ်ဆောင်ချက်ဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားတွေကို ဆိုးရွားစွာ ချိုးဖောက်နေပါတယ်။ ဒီလုပ်ဆောင်ချက်ကို တရုတ်က ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ပါတယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တရုတ်သည် ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ပြင်းထန်သည့်အသုံးအနှုန်းများ ပါဝင်သည့် ကန့်ကွက်လွှာတင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သည် ထိုင်ဝမ်ကို သံတမန်ရေးအရ တရားဝင်အသိအမှတ်မပြုသော်လည်း ထိုင်ဝမ်၏ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကာ ထိုင်ဝမ်ကို လက်နက်များအများဆုံး ထောက်ပံ့သည့် နိုင်ငံဖြစ်သည်။

တရုတ်သည် မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်အပေါ် စစ်ရေးနှင့် နိုင်ငံရေးဖိအားများ တိုးမြှင့်ခဲ့ကာ ထိုင်ဝမ်ကို လက်နက်ရောင်းချမှုများကို ရပ်တန့်ရန် အမေရိကန်ကို ထပ်တလဲလဲ တောင်းဆိုခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းကလည်း ထိုင်ဝမ်သည် အမေရိကန်ထံမှ ခေတ်မီ Abrams တိုက်ပွဲဝင်တင့်ကား ၃၈ စင်းကို လက်ခံရရှိခဲ့ပြီး ယင်းသည် နှစ်ပေါင်း ၃၀ အတွင်း ထိုင်ဝမ်၏ ပထမဆုံးတင့်ကားသစ်များ ဖြစ်လာခဲ့ သည်။

၂၀၁၉ ခုနှစ်က အော်ဒါမှာယူခဲ့သည့် M1 A2 တင့်ကား ၁၀ စီး၏ ပထမအသုတ်ဖြစ်သည့် တင့်ကား ၃၉ စီးသည် ထိုင်ဝမ်သို့ ဒီဇင်ဘာ ၁၅ ရက်ညပိုင်းက ရောက်ရှိလာခြင်းဖြစ်ပြီး တိုင်ပေမြို့တော်တောင်ပိုင်း ရှင်ချူမြို့ရှိ စစ်ရေးလေ့ကျင့်ရေးစခန်းသို့ လွှဲပြောင်းပို့ ဆောင်ပေးခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ လက်ရှိ တင့်ကားတပ်ဖွဲ့တွင် ထိုင်ဝမ်လုပ် CM 1 1 Brave Tiger တင့်ကားများနှင့် အမေရိကန်လုပ် M60 A3 တင့်ကား စုစုပေါင်း ၁၀၀၀ ခန့်ရှိသည်။

ကမ္ဘာ့အကြီးဆုံး တင့်ကားများထဲတွင် ပါဝင်သည့် Abrams တင့်ကားများသည် အမေရိကန်စစ်တပ်၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ထိုင်ဝမ်သည် ၂၀၁၉ ခုနှစ်ကတည်းက ၂၀၁၉ တင့်ကားများ ဝယ်ယူရန် အဆိုပြုခဲ့ပြီး ထိုတင့်ကားများ ဝယ်ယူရေးအတွက် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ လျာထားခဲ့သည်။

Ref:AFP

                                                


READ NEXT
Cancel OK