
ပြင်းထန်သည့်အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားသည့် ဒုတိယမြောက်နေ့တွင် ဂါဇာရှိ အစ္စလာမ္မစ် စစ်သွေးကြွများအနေဖြင့် ရော့ကတ်ဖြင့် တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် မဟုတ်ပါက ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများနှင့် ကြုံတွေ့ရမည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက နိုဝင်ဘာ ၁၃ ရက်တွင် သတိပေးခဲ့သည်။
“ သူတို့မှာ ရွေးချယ်စရာတစ်ခု ရှိတယ်။ ဒီတိုက်ခိုက်မှုတွေကို ရပ်မလား၊ ဒါမှမဟုတ် ပိုပြီးပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ခံစားမလား” ဟု နေတန်ယာဟုက အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အစ္စရေးသည် နောက်ထပ် အရှိန်မြင့်တက်မှုကို စိတ်ဝင်စားမည် မဟုတ်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
“ ဒါက အချိန်ပေးမှုပါပဲ။ အစ္စရေးက သက်ညှာမှုမရှိဘဲ တိုက်ခိုက်မှုတွေကို မဆိုင်းမတွ လုပ်ဆောင်တော့မှာပါ” ဟု ၎င်းက ထပ်လောင်း သတိပေးခဲ့သည်။
အစ္စရေး လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် အစ္စလာမ္မစ်ဂျီဟာ့ဒ် တပ်မှူးတစ်ဦး သေဆုံးခဲ့မှုနှင့်အတူ နိုဝင်ဘာ ၁၂ ရက်တွင်
ဂါဇာ၌ အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွများအကြား အပြန်အလှန်ပစ်ခတ်မှု စတင်ခဲ့သည်။
ယင်းတပ်မှူးသည် ဂါဇာကို ရော့ကတ် ပစ်ခတ်ခဲ့မှုတွင် တာဝန်ရှိသူဖြစ်ကြောင်း၊ ၎င်းသည် နောက်ထပ်အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်ထားကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့သည်။
ဂါဇာစစ်သွေးကြွများသည် ရော့ကတ် ဒုံးကျည်များ တရစပ်ပစ်ခတ်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။ အစ္စရေးကလည်း အစ္စရေးဂျီဟာ့ဒ်များ၏ တည်နေရာများနှင့် ရော့ကတ်ပစ်လွှတ်သည့် တပ်ဖွဲ့များကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။
နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းမှစပြီး အစ္စရေးနိုင်ငံသို့ ပစ်ခတ်ခဲ့သည့် ရော့ကတ် အစင်း ၂၂၀ ရှိပြီး ဒါဇင်များစွာကို လေကြောင်းကာကွယ်ရေးများက ကြားဖြတ်ပစ်ချခဲ့သည်ဟု စစ်တပ်က ထုတ်ပြန်ခဲ့သည်။ လူနေအိမ်တစ်လုံးကို ရော့ကတ်တစ်စင်းထက်မနည်း ထိမှန်ခဲ့ပြီး Sderot မြို့ရှိ စက်ရုံတစ်ခု ရော့ကတ်ထိမှန်ခဲ့ပြီး မီးလောင်ခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့သည်။
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် စုစုပေါင်း ပါလက်စတိုင်း ၂၂ ဦး သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရော့ကတ် တိုက်ခိုက်မှုများကြောင့် အစ္စရေးတွင် ပျက်စီးမှုများ ရှိခဲ့သော်လည်း သေဆုံးသူ မရှိသေးပေ။ ဒဏ်ရာရသူ ၄၆ ဦးရှိပြီး ၂၁ ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း အစ္စရေးဆေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဒမတ်စကတ်တွင် အစ္စလာမ္မစ်ဂျီဟာ့ဒ် အဖွဲ့ဝင်တစ်ဦးကို ပစ်မှတ်ထားသည့် သီးခြားတိုက်ခိုက်မှုကြောင့် တိုက်ခိုက်မှုများ ပြင်းထန်လာခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။ ဆီးရီးယားတွင် အစ္စရေးလေကြောင်း တိုက်ခိုက်မှုတစ်ခုအတွင်း အဖွဲ့မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် Akram Ajouri သေဆုံးခဲ့သည်ဟု အစ္စလာမ္မစ်ဂျီဟာ့ဒ်အဖွဲ့က အတည်ပြုခဲ့သည်။ ဆီးရီးယားသတင်းဌာန SANA ကလည်း ယင်းလေကြောင်း တိုက်ခိုက်မှုတွင် Ajouri ၏ နေအိမ်ထိမှန်ခဲ့ပြီး ၎င်း၏သား Muadh နှင့် နောက်ထပ်တစ်ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ အစ္စရေးကမူ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်