
အင်ဒိုနီးရှားနိုင်ငံ၏ တတိယအကြီးဆုံး မြို့ဖြစ်သော မီဒန်မြို့ရှိ ရဲစခန်းဝင်းအတွင်း နိုဝင်ဘာ ၁၃ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ဗုံးခွဲမှုလုပ်ဆောင်သော တိုက်ခိုက်ရေးသမားတစ်ဦး သေဆုံးခဲ့ပြီး လူခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ဗုံးဖောက်ခွဲမှုသည် ဆူမတ်တြားကျွန်းရှိ မီဒန်မြို့ရဲစခန်းဝင်းအတွင်း ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီဒန်မြို့ရဲစခန်းဝင်း၌ ရဲစခန်းထောက်ခံစာ လာရောက်ထုတ်ယူကြသူများဖြင့် ပြည့်ကျပ်လျက်ရှိရာ အသေခံဗုံးခွဲသမားသည် စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်၍ ရဲစခန်းဝင်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် မူဟာမတ်အီကဘယ်က ဆိုသည်။
တိုက်ခိုက်ရေးသမားသည် စခန်းဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ခဲ့ပြီးနောက်တွင် ၎င်းသယ်ဆောင်လာသော ဖောက်ခွဲရေးပစ္စည်းများကို ခလုပ်နှိပ်ဖောက်ခွဲမှုလုပ်ဆောင်ခဲ့ပြီး ကားရပ်နားရာနေရာအနီး၌ သေဆုံးသွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မူဟာမတ်က ပြောကြားခဲ့သည်။
သတင်းရုပ်သံပြကွက်တစ်ခု၌ မီဒန်မြို့ ရဲစခန်းအပြင်ဘက်သို့ လူများပြေးထွက်လာကြပုံနှင့် မီးလောင်ခဲ့သောကားတစ်စီးမှ မီးခိုးများ တလိပ်လိပ်ထွက်နေပုံကို တွေ့မြင်ခဲ့ရသည်။ ဗုံးခွဲသမား မည်သူမည်ဝါဖြစ်သည်ကို စစ်ဆေးရန်အတွက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အသေခံဗုံးခွဲသမား၏အလောင်းကို သယ်ဆောင်သွားကြကြောင်း၊ အခင်းဖြစ်ပွားရာနေရာ၌ ဗုံးရှင်းလင်းရေးအဖွဲ့က ရှင်းလင်းရေးဆောင်ရွက်နေကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ကြသည်။
ဗုံးခွဲတိုက်ခိုက်မှုမဖြစ်ပွားမီအချိန်က ရဲစခန်းဝင်းအတွင်းသို့ ဝင်ရောက်မည့်သူများကို စစ်ဆေးရေးဂိတ်၌ ထုံးစံအတိုင်းလုံခြုံရေးအရ စစ်ဆေးမှုလုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် တိုက်ခိုက်ရေးသမား၏ ကျောပိုးအိတ်ကို ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမည်အပြုတွင် ထိုသူက ရဲများအား မသိကျိုးကျွန်ပြု၍ ရဲစခန်းဝင်းအတွင်းရှိ စားသောက်ဆိုင်တစ်ခုအနီးသို့ သွားရန်ကြိုးပမ်းခဲ့ကာ ရဲစခန်းမှ မီတာ ၅၀ (၁၆၄ ပေ) အကွာတွင် အသေခံ ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ်နောက်တစ်ဦးဖြစ်သော ဒီဒီပရာစက်တိုက ပြောကြားခဲ့သည်။
ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပရာစက်တိုက ဆိုသည်။ ကမ္ဘာပေါ်တွင် မွတ်စလင်အများဆုံး နေထိုင်ရာနိုင်ငံဖြစ်သော အင်ဒိုနီးရှားသည် အစ္စလာမ္မစ်စစ်သွေးကြွများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ကာလရှည်ကြာနှိမ်နင်းနေခဲ့ရပြီး အင်ဒိုနီးရှားရှိ ရဲစခန်းများသည် မကြာခဏဆိုသလို အစွန်းရောက်များ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံနေရသည်။
သြဂုတ်လက အင်ဒိုနီးရှား၏ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာရှိ ရဲစခန်းတစ်ခုအတွင်း၌ ရဲအရာရှိများကို တိုက်ခိုက်ခဲ့သော စစ်သွေးကြွတစ်ဦးကို အာဏာပိုင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ဇွန်လကလည်း ဂျာဗားကျွန်းရှိ ရဲစခန်းအဆောက်အအုံ အပြင်ဘက်တွင် အသေခံဗုံးခွဲရန် ကြိုးပမ်းခဲ့သူတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့သည်။ ပြီးခဲ့သည့်လက အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီးကို IS အဖွဲ့နှင့်ဆက်နွှယ်သည့်အဖွဲ့မှ စစ်သွေးကြွ နှစ်ဦးက ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်