
မရမ်းကုန်းမြို့နယ်သည် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များ အနက် မဲဆန္ဒရှင်အများဆုံးနှင့် ကျယ်ဝန်းသော မြို့နယ်တစ်ခုဖြစ်၍ အခြားကိုယ်စားလှယ်လောင်းအနေဖြင့် မနိုင်နင်းမည်ကို စိုး ရိမ်သောကြောင့် ကိုယ်တိုင်ဝင်ရောက်ယှဉ် ပြိုင်ခြင်းဖြစ်သည်ဟု ပြည်သူ့ရှေ့ဆောင်ပါ တီ (PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
လက်ရှိ မဲဆန္ဒနယ်ဖြစ်သည့် ဒဂုံမြို့နယ် တွင် ဆက်လက်မယှဉ်ပြိုင်ဘဲ မရမ်းကုန်းမြို့ နယ်ကို ပြောင်းလဲယှဉ်ပြိုင်ခြင်းအပေါ် သြဂုတ် ၁၅ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်စားရှင်းလင်းပွဲ၌ ထိုသို့ရှင်းလင်းပြော ကြားခြင်းခဲ့ဖြစ်သည်။
လက်ရှိ မဲဆန္ဒနယ်ဖြစ်သည့် ဒဂုံမြို့နယ်မှ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း လက်ရှိအချိန်တွင် မိမိတစ်ဦးတည်းဆန္ဒထက် တစ်ပါတီလုံးအ တွက် ခြုံငုံစဉ်းစားပြီး မဲဆန္ဒနယ်အပြောင်း အလဲပြုလုပ်ခြင်းဖြစ်သည်ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
“မရမ်းကုန်းမြို့နယ်သည် အနောက်ပိုင်း ခရိုင်ထဲမှာ မြို့တွင်းမြို့နယ်တွေထဲမှာ အ ကျယ်ဆုံးနေရာဖြစ်တယ်။ မဲဆန္ဒရှင်ပြည် သူလည်း အများဆုံးနေရာဖြစ်တော့ ကျွန်မ ကတော့ ဒါကို နိုင်နိုင်နင်းနင်းနဲ့ လုပ်နိုင်မယ်။ တခြားသူကို တာဝန် ပေးအပ်ရင်မနိုင်တဲ့ တာဝန်ကို ထမ်းခိုင်းရာကျတယ်ဆိုပြီးမှ ကျွန်မ မရမ်းကုန်းမြို့နယ်ကို ရွေးချယ်တာ ဖြစ်ပါတယ်”ဟု PPP ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။
ဒေါက်တာသက်သက်ခိုင်သည် လက်ရှိ ဒဂုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး လွှတ်တော်အစည်းအဝေးများတွင် ဘတ်ဂျက်နှင့် စီးပွားရေးဆိုင်ရာကိစ္စများတွင် ဝင်ရောက်ဆွေးနွေးလေ့ရှိကာ မူလက ပြည် သူ့လွှတ်တော်၏ ဘဏ်များနှင့် ငွေကြေးဆိုင် ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်ဖြစ်ပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံ မှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော် မတီ၌ အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။
ထို့ပြင် မရမ်းကုန်းမြို့နယ်အပါအဝင် မြို့နယ်ခုနစ်မြို့နယ် ပါဝင်လျက်ရှိသည့် ရန် ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၁)၌ ပါတီဒုတိယဥက္ကဋ္ဌ(၂) ဦးကျော် ဇေယျ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲ မဲဆန္ဒနယ်တူ ကိုယ်စားလှယ်ဖြစ်ခြင်းနှင့် ရန်ကုန်တိုင်း လွှတ်တော်တွင်း မေးခွန်းမေးမြန်း အဆိုတင် သွင်းကာ ပြည်သူအများစု သိရှိမှုအနေအ ထားတို့ကြောင့် ဦးကျော်ဇေယျကို မရမ်းကုန်း မြို့နယ် ပါဝင်သည့် အမျိုးသားလွှတ်တော်မဲ ဆန္ဒနယ်တွင် ပြောင်းလဲယှဉ်ပြိုင်စေခြင်းဖြစ် သည်ဟု PPP ပါတီဥက္ကဋ္ဌက ဆိုသည်။
“ကျွန်မဆိုလိုချင်တာက ဦးကျော်ဇေယျမှာ Presonal Brand ရှိတယ်ပေါ့။ ဦးကျော်ဇေယျဆိုတဲ့ နာမည်တစ်လုံးနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ မသိတဲ့သူကရှားတယ်။ အဲဒါကြောင့်မို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) မှာ ယှဉ်ပြိုင်ပေးပါဆိုပြီး CEC တွေက ၀ိုင်းဝန်း ဆုံးဖြတ်ပြီး တာဝန်ချ ပေးတာဖြစ်ပါတယ်”ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
ဒေါက်တာသက်သက်ခိုင်နှင့် ဦးကျော်ဇေယျသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ ဒဂုံမြို့နယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ယှဉ်ပြိုင်အနိုင်ရခဲ့သူများဖြစ်ပြီး ၂၀၁၉ ခုနှစ်အ တွင်း ဒေါက်တာသက်သက်ခိုင်သည် NLD ပါတီမှ နုတ်ထွက်ခဲ့ကာ ဦးကျော်ဇေယျသည် ပါတီမှ ထုတ်ပယ်ခံရသည်။
ထို့နောက် နိုင်ငံရေး၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို ပြန်လည်တည်ထောင်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရန် ၎င်းတို့က စီစဉ်နေခြင်း ဖြစ်သည်။
မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်မှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ဒေါက်တာဒေါ်မေဝင်းမြင့်ဖြစ်ပြီး လာမည့်ရွေးကောက်ပွဲကိုလည်း ၎င်းပင် ဆက် လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံး ရေးဆောင်ရွက်ခွင့် မရသေးသေးသော်လည်း နယ်မြေစည်းရုံးရေးအဖြစ် မရမ်းကုန်းမြို့ နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ခရစ်ယာန်ဘာသာ ရေးကျောင်းများသို့ ဆန်၊ ဆီ လှူဒါန်းခြင်းနှင့် ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာကျောင်းများတွင် ခြင်နိုင်ဆေးဖျန်းခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ဒေါက်တာသက်သက်ခိုင်က ပြော ကြားသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ရရှိသည့် ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် လာမည့်အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် ၁၀၀ နီးပါးရှိ လွှတ်တော်မဲဆန္ဒနယ်အသီးသီးတွင် ကိုယ်စား လှယ်လောင်း ၂၃၉ ဦး ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်