Top News

ပြည်သူ့ပါတီ ကိုယ်စားပြု ကမာရွတ်မြို့နယ်မှ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ခြင်းနှင့် မြို့နယ်ရုံးခန်းဖွင့်ပွဲ ပြုလုပ်
24htopnews | December 23, 2024 6:12 AM CST

၂၀၂ဝအထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ပါတီကိုယ်စားပြု၍ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအား မိတ်ဆက်ခြင်းကို သြဂုတ် ၁၆ ရက်က ကမာရွတ်မြို့ နယ် ရုံးခန်းဖွင့်ပွဲအခမ်းအနားနှင့်အတူ ကျင်းပပြုလုပ်ခဲ့သည်။

ပါတီ၏ မြို့နယ်ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်အခမ်းအနားကို ဦးစွာကျင်းပပြီးနောက်  ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက အဖွင့်အမှာစကား ပြောကြားသည်။

ပြည်သူ့ပါတီမှ ကမာရွတ်မြို့နယ်တွင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ပါတီအထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင် (ခ) ကိုဝနှင့် ပြည်ပတက္ကသိုလ်အချို့မှ နိုင်ငံရေးသိပ္ပံမဟာဘွဲ့နှင့် ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့ရ ကိုနေယံဦးတို့ ပါဝင်သည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရ ခြင်းက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ဘတ်ဂျက်ရေးဆွဲမှုများတွင် ပါဝင်ဆောင် ရွက်လို၍ဖြစ်ပြီး ဘတ်ဂျက်ရေးဆွဲရာတွင် လွှတ်တော်ကိုယ်စားလှယ်၏ ပါဝင်ဆောင် ရွက်မှု ကောင်းမွန်သည်နှင့်မျှ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူဖြစ် စေမည်ဟု ကမာရွတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမှတ် (၂) မဲဆန္ဒနယ်တွင် ဝင် ရောက်ယှဉ်ပြိုင်မည့် ဦးရဲနိုင်အောင်က ဆို သည်။

“ကျွန်တော် ဒီလိုတာဝန်ထမ်းဆောင် နိုင်ဖို့ ကျွန်တော်တို့ တိုင်းပြည်ဘတ်ဂျက်ကို ဘယ်လိုရေးဆွဲသလဲ။ တိုင်းပြည်ရဲ့အရပ် ဘက်အဖွဲ့အစည်းတွေအပါအဝင် အင်အား စုအသီးသီးကြားမှာ ဘယ်လိုညှိနှိုင်းသလဲဆို တာကို ပါတီထဲမှာရော ကျွန်တော့်တစ်ဦး ချင်းအနေနဲ့ရော အာရုံစိုက်လေ့လာထားတဲ့ အတွက် ကျွန်တော့်ကိုယ် ကျွန်တော်ကတော့ ပြည်သူလူထုကသာ ရွေးချယ်တာဝန်ပေးရင်  ကမာရွတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ တာဝန်ကျေစေရပါ မယ်။ ပြောင်မြောက်အောင်လည်း ထမ်း ဆောင်နိုင်ပါမယ်လို့ ကတိပေးပါတယ်”ဟု  ပြည်သူ့ပါတီအထွေထွေအတွင်းရေးမှူး ဦးရဲ နိုင်အောင်က ပြောကြားသည်။

၎င်းအနေဖြင့် အဆိုပါ မဲဆန္ဒနယ်တွင် NLD ပါတီမှ ရွေးကောက်ပွဲဆက်လက်ယှဉ်ပြိုင်မည့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ရန်ကုန်တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

ရန်ကုန်တက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်အပါအဝင် တက္ကသိုလ် ခုနစ်ခုခန့် ရှိသည့် ကမာရွတ်မြို့နယ်ကို ရွေးချယ်ခြင်း က မြို့နယ်အနေအထားနှင့် မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်ပေးနိုင်မည်ဟု ယူဆသောကြောင့်ဖြစ်သည်ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ကိုနေယံဦးက ဆိုသည်။

“ဒီပွဲမှာ ကျွန်တော်တို့ အစွမ်းကုန်နိုင် အောင်ချမယ်။ နိုင်ဖို့လည်း အလားအလာအများကြီးရှိပါတယ်။ ကျွန်တော် သုတေသီတစ်ယောက်အနေနဲ့ ဒီစကားကို ပြောတာပါ” ဟု အင်္ဂလန်နိုင်ငံအောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် အမေရိကန်နိုင်ငံ အီလီနွိုက်တက္ကသိုလ်တို့ တွင် ပညာသင်ကြားခဲ့သည့် ကိုနေယံဦးက ပြောကြားသည်။

ထို့နောက် ကမာရွတ်မြို့နယ် ပါဝင် သည့် ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲ ဆန္ဒနယ်တွင် ယှဉ်ပြိုင်မည့် ဒေါ်နီလာခိုင်နှင့် တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) မဲဆန္ဒ နယ်တွင် ယှဉ်ပြိုင်မည့် ဦးသန်းစိုးတို့က ရွေး ကောက်ပွဲယှဉ်ပြိုင်သည့် ရည်ရွယ်ချက်များ ကို အသီးသီးဆက်လက်ပြောကြားခဲ့ကြ သည်။

ပြည်သူ့ပါတီအနေဖြင့် နိုင်ငံရေးဖြစ် စဉ်များမည်သို့ ဖြစ်ပေါ်လာသည့် အကြောင်း ရင်းနှင့် မည်သို့ဖြေရှင်းမည်ဆိုသည်ကို သိ ရှိသည့် ကိုယ်စားလှယ်လောင်းများကို အဓိက ထားရွေးချယ်ချယ်ခဲ့သည်ဟု ပါတီဥက္ကဋ္ဌ ဦးကို ကိုကြီးက ပြောကြားသည်။

“ကမာရွတ်မြို့နယ်ဟာ ပညာအသိုင်းအဝိုင်းနဲ့ အင်မတန်နီးစပ်တဲ့အသိုင်းအဝိုင်းလို့ ပြောလို့ရပါတယ်။ ပညာအသိုင်းအဝိုင်းနဲ့ နီးစပ်တယ်လို့ ဒီစကားကို စပြောတာဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ရှေ့ဆက်မယ့်ခရီးအရွေ့ဟာ ပညာအခြေခံနဲ့ ဆင်ခြင်တုံတရားအခြေခံနဲ့ သွားမှ နိုင်ငံဟာထိခိုက်ရှနာမှု အနည်းဆုံးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ပြည်သူ့ပါတီသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အချို့ ဦးဆောင်တည်ထောင်သည့် နိုင်ငံရေးပါတီဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်း ၁၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 


READ NEXT
Cancel OK