
အိန္ဒိယနယ်စပ်ပြည်နယ်ဖြစ်သည့် မီဇိုရမ်ထဲသို့ ပြီးခဲ့သည့်သီတင်းပတ် အနည်းငယ်အတွင်း မြန်မာဘက်မှ ထွက်ပြေးခိုလှုံလာသူ ၇၀၀ ကျော်ရှိပြီး အများစုက အရပ်သားများဖြစ်ကြောင်း အိန္ဒိယရဲအရာရှိတစ်ဦးက ဇွန် ၂၇ ရက်တွင် ပြောကြားကြောင်း Press Trust of India သတင်းဌာနက ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများ စဖြစ်လာသည့် ဖေဖော်ဝါရီမှ ယခုချိန်ထိ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးရောက်ရှိလာသူ မြန်မာနိုင်ငံသားဦးရေသည် ၁၀၀၂၅ ဦးရှိနေပြီး လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးပါဝင်ကြောင်း ၎င်းရဲအရာရှိက ဆိုသည်။
ယင်းရဲအရာရှိ၏ အဆိုအရမြန်မာဒုက္ခသည် အနည်းစုသည် မြန်မာနိုင်ငံဘက်သို့ ပြန်လာကြကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့၏ အချက်အလက်များကို ကိုးကားပြီး ဇွန် ၁၅ ရက်မှ ဇွန် ၂၆ ရက်အကြား ချမ်ဖိုင်ဒေသထဲသို့ ရောက်လာသည့် မြန်မာနိုင်ငံသားဦးရေသည် ၁၉၅ ဦးရှိပြီး မီဇိုရမ်ပြည်နယ်ဒေသ ၁၁ ခု အနက် ၁၀ ခုတွင် မြန်မာနိုင်ငံသားများ ခိုလှုံနေကာ ချမ်ဖိုင်တစ်နေရာတည်း၌ပင် မြန်မာနိုင်ငံသား ၄၃၅၂ ဦး ရှိပြီဖြစ်ကြောင်း ၎င်းရဲအရာရှိက ပြောကြားသည်။
မီဇိုရမ်သို့ လတ်တလော ဝင်ရောက်လာသူအများစုသည် အရပ်သားများဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးပိုင်းများလည်း ပါလာကြောင်း အထက်ပါရဲအရာရှိက ပြောကြားသည်။
ချင်းပြည်နယ်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲရှိ ချန်ဖိုင်အပါအဝင်ဒေသ ခြောက်ခုနှင့် ၅၁၀ ကီလိုမီတာထိစပ်နေပြီး မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါက ၎င်း၏ပြည်နယ်ထဲတွင် ခိုလှုံနေသူများကို ကူညီထောက်ပ့ံရန် ရန်ပုံငွေချပေးထားပြီး မကြာမီ ရန်ပုံငွေရလာမည်ဖြစ်ကြောင်း ဇွန်လလယ်က ပြောကြားသည်။
မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသည့် ချင်းလူမျိုးအများစုသည် ဇိုတိုင်းရင်းသားများဖြစ်ပြီး ၎င်းတို့သည် မီဇိုရမ်ပြည်နယ်ဘက်မှ မီဇိုလူမျိုးများနှင့် မျိုးနွယ်၊ ယဉ်ကျေးမှု တူညီကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်