
မြန်မာနိုင်ငံအနေဖြင့် ရုရှားနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် ရည်ရွယ်ထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားအစိုးရသတင်းဌာနဖြစ်သည့် Sputnik သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့သည်။
“ ပူးပေါင်းဆောင်ရွက်မှုအသစ်တစ်ခုကို ကျွန်တော်တို ့ဖန်တီးသွားမှာဖြစ်ပါတယ်။ ပြီးတော့ အဲဒီပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ အစကတည်းကပဲ ကျွန်တော်တို့ရဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုကို အချိန်နဲ့အမျှ တိုးချဲ့သွား မယ်ဆိုပြီး ပုံစံချထားခဲ့တာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လွန်ခဲ့သောသီတင်းပတ်က မော်စကိုမြို့တွင် ကျင်းပခဲ့သည့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံကိုတက်ရောက်ခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုင်ဂူနှင့် တွေ့ဆုံခဲ့သည်။
အရှေ ့တောင်အာရှနှင့် အာရှ-ပစိဖိတ် ဒေသတွင် မြန်မာနိုင်ငံသည် ခိုင်မာသည့် မဟာဗျူဟာမြောက်ပါတနာဖြစ်ပြီး စိတ်ချယုံကြည်ရသည့် မဟာမိတ်ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးတွေ့ဆုံစဉ် ရုရှားကာကွယ်ရေးဝန်ကြီး ရှိုင်ဂူက ပြောကြားခဲ့သည်။
အလားတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း “ ရုရှားကြောင့် ကျွန်တော်တို့ရဲ့ တပ်မတော်ဟာ ဒေသတွင်းမှာ အင်အားအကြီးမားဆုံး တပ်မတော်ဖြစ်လာပါတယ်” ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံမှ ဇွန် ၂၇ ရက် ညပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ရုရှားနိုင်ငံခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် (၉) ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံ (MCIS-2021) သို့ ပါဝင်တက်ရောက်ဆွေးနွေးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့ပြီး နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်နည်း ပညာဆိုင်ရာကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍ၊ သုတေသနလုပ်ငန်းကဏ္ဍ၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပိုမိုတိုးတက် ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း မြန်မာ့တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ရုရှားနိုင်ငံသို့သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်နှင့် တာဝန်ရှိသူများ ပါဝင်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်