
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ်းခမ်းမြို့တွင် ဇွန် ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က နမ့်ခမ်းဒေသခံ ၅၀၀ ကျော်ခန့်သည် ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အား အလိုမရှိကြောင်း ဆန္ဒပြစဉ် ဗုံးလေး လုံးပေါက်ကွဲခဲ့ပြီး နှစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ကယ်စီးလာသူ နှစ်ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အမျိုးသမီး ငါးဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထဲမှ အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရကြောင်း နမ့်ခမ်းမြို့ရှိ လူမှုကူညီရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နမ့်ခမ်းမြို့နယ် နမ့်ဆွန်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ခေါ်ဆောင်သွားပြီးနောက် သေဆုံးသွားမှုနှင့်ပတ်သက်၍ အလောင်းအား ဒေသခံများက ပြန်လည်တောင်းဆိုသည့်အခါ မရရှိခြင်းကြောင့် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်နေစဉ် နမ့်ခမ်းမြို့ပေါ်ရှိ နေရာသုံးနေရာ၌ ဗုံးများကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
“ ဒီမှာရှိတဲ့ ရှမ်းလူမျိုးတွေက နေ့လည် ၁ နာရီလောက်ကစပြီး နမ့်ခမ်းမြို့လယ်ဘုရားမှာစုပြီးတော့ ဆန္ဒထုတ်ဖော်ဖို့ လုပ်ကြတယ်။ ဆန္ဒထုတ်ဖော်ရတဲ့အကြောင်း အရင်းက သူတို့က SSPP ကို ထုံမောဝ် ရွှေလီချိုင့်ဝှမ်းဒေသမှာ အလိုမရှိဘူး။ SSPP ကို ထွက်သွားစေချင်တယ်ပေါ့။ တချို့ ချိုးဖောက်မှုတွေရှိတယ်ဆိုပြီး ရွာသားတွေကနေတဆင့် သိရတယ်ပေါ့။ ဒါကြောင့် သူတို့ စုရုံးပြီး ထွက်ဆန္ဒပြကြတယ်။ ထွက်တဲ့ ၂ နာရီခွဲအချိန်လောက်မှာဘဲ မြို့လယ်စျေးအနီးတစ်ဝိုက်မှာပဲ လက်ပစ်ဗုံး လေးလုံး ပေါက်တယ်။ နောက်ဆုံးအလုံးက ပစ်တဲ့သူရဲ့ လက်ထဲမှာပဲ ပေါက်သွားတာ။ လာပေါက်တဲ့ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်ထိပြီး သူတို့ပဲ အသက်စိုးရိမ်ရတဲ့ ဒဏ်ရာအကြီးအကျယ်ရတယ်။ နောက်ပြည်သူထဲက အမျိုးသမီးနှစ်ဦး ထိတယ်။ ဒီဗုံးလေးလုံးထဲမှာ အသံဗုံးလည်း ပါတယ်ကြားတယ်။ ကျွန်တော်တို့ကတာ့ ဂဃဏန တော့ မသိပါဘူး” ဟု ပေါက်ကွဲထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို နမ့်ခမ်းဒေသခံ ကိုလစ်တက်ဖို့စ်က ပြောကြားသည်။
ထို့ပြင် ဗုံးပေါက်ကွဲခဲ့ပြီး သေဆုံးခဲ့သည့် ဆိုင်ကယ်စီးလာသော အမျိုးသားနှစ်ဦးအနီးတွင် ပစ္စတိုသေနတ်တစ်လက်လည်း တွေ့ရသည်ဟု ၎င်းက ဆိုသည်။
ထိုသို့ နမ့်ခမ်းမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် မူဆယ်-မော်တောင်း ဒေသ၌လည်း တိုက်ပွဲဖြစ်ပွားခဲ့ကာ မည်သည့်အဖွဲ့များ တိုက်ပွဲဖြစ်နေသည်ကို အတည်မပြုနိုင်သေးသော်လညိး ကုန်တင်ကား၊ ခရီးသည်တင်ကားနှင့် လူနာတင်ကားများ ရပ်တန့်စောင့်ဆိုင်းခဲ့ရကြောင်း၊ မူဆယ်မှ လားရှိုးမြို့သို့ပြန်သွားသည့် ကားဆရာတစ်ဦးက ပြောကြားသည်။
ရှမ်းပြည်နယ် နမ့်ခမ်းမြို့တွင် ပေါက်ကွဲမှုအပေါ် SSPP ၏လုပ်ရပ်ဖြစ်သည်ဟု စွပ်စွဲလာနိုင်သည့်အတွက် ယင်းအကြမ်းဖက်လုပ်ရပ်များအား လုံးဝမပြုလုပ်၊ အားမပေးဘဲ ပြင်းထန်စွာကန့်ကွက်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ဇွန် ၂၈ ရက်တွင် သဘောထားထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ဇွန် ၂၈ ရက် မွန်းလွဲ ၂ နာရီကျော်၌ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ နမ့်ခမ်းပြည်သူများက မိမိတို့ ရှမ်းပြည်တိုးတက်ရေးပါတီအား ဆန္ဒပြနေသည့်အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ကြားသိရကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသည့်သူများ၏ မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းမိကြောင်း၊ ထို့အတူ အဆိုပါအကြမ်းဖက်လုပ်ရပ်များအား မိမိတို့ ရှမ်းပြည်တိုးတက်ရေးပါတီမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပြည်တွင်းနိုင်ငံရေး မငြိမ်မသက် ဖြစ်နေသည့်အချိန် မြို့ကြီး၊ မြို့ငယ်များတွင် နေ့စဉ်နေ့တိုင်း ပေါက်ကွဲမှုဖြစ်စဉ်များ တွေ့ နေရကြောင်း၊ နမ့်ခမ်းမြို့ ပြည်သူလူထုတို့မှ မိမိတို့ ရှမ်းပြည်တိုးတက်ရေးပါတီအား ဆန္ဒပြနေသည့်အချိန်တွင်း၌လည်း ပေါက်ကွဲမှု ဖြစ်စဉ် တိုက်ဆိုင်စွာ ဖြစ်ပွားခဲ့ကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုဖြစ်စဉ်ကို အကြောင်းပြပြီး မသမာသူများမှ ရှမ်းပြည်တိုးတက်ရေးပါတီ၏ လုပ်ရပ်ဖြစ်သည်ဟု စွပ်စွဲလာနိုင်သည့်အတွက် အဆိုပါ အကြမ်းဖက်သည့်လုပ်ရပ်များအား မိမိတို့ SSPP/SSA မှ လုံးဝမပြုလုပ်၊ လုံးဝ အားမပေးသည့်အပြင် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်