
ထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှုတွင် တရားလိုပြသက်သေများကို စစ်ဆေးပြီး ဖြစ်သဖြင့် ဇူလိုင် ၅ ရက်တွင် စွဲချက်တင်ရန် သင့် မသင့် နှစ်ဘက်လျှောက်လဲချက် ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အောင်မြေသာစံမြို့နယ် တရားရုံးတွင် စွဲဆိုထားသည့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှု၏ ဇွန် ၂၈ ရက်ရုံးချိန်းတွင် တရားလိုပြသက်သေ စစ်ဆေးမှုများ ပြီးစီးခဲ့ပြီဖြစ်သဖြင့် ဇူလိုင် ၅ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။
တရားလိုအား စစ်ဆေးခြင်းကို ဇွန် ၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
“ဝန်ကြီးချုပ်အမှုက တရားလိုသက်သေ စစ်ဆေးမှုတွေ အကုန်ပြီးစီးခဲ့ပါပြီ။ လာမယ့် ဇူလိုင် ၅ ရက်ကို စွဲချက်တင်ရန် သင့် မသင့် နှစ်ဖက်လျှောက်လဲချက်ပေးမယ့် ရုံးချိန်းဖြစ်ပါတယ်” ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်များကို တရားစွဲဆိုထားသည့် အမှုများအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။
ထိန်းသိမ်းခံထားရသည့် မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်း NLD အတွင်းရေးမှူး ဦးတင်ကိုကိုတို့၏ အချုပ်လွတ် အမှု ရင်ဆိုင်ခွင့် အာမခံလျှောက်ထားခဲ့ခြင်းကို မြို့နယ်တရားရုံးများက ပယ်ချခဲ့သဖြင့် ခရိုင်တရားရုံးသို့ ဆက်လက်လျှောက်ထားခဲ့သည်။
သို့သော် ထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ အာမခံလျှောက်ထားမှုကို မေ ၃၁ ရက်တွင် မန္တလေးခရိုင်တရားရုံးက ပယ်ချခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ငါးစောင်ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်များသည် လက်ရှိအစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်မှုဖြစ်အောင် တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင်၊ အများပြည်သူကိုလည်းကောင်း၊ အများပြည်သူ၏ သီးခြား၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိကြောင်း သို့မဟုတ် ထိုသို့ဖြစ်စေနိုင်သည့် အကြောင်းရှိခြင်းကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထို့သို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ကြေညာချက်များထုတ်ပြန်မှုသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည်ဟု ဆိုကာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေများ ပုဒ်မ၂၅၊ မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ပုဒ်မ ၅၀၅(ခ) တို့ဖြင့် အောင်မြေသာစံမြို့နယ် တရားရုံးတွင်လည်းကောင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅။၃၀၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇေယျတို့ကိုလည်း ပုဒ်မ ၅၀၅(ခ) ဖြင့် ချမ်းအေးသာစံမြို့နယ် တရားရုံးတို့တွင် အသီးသီး တရားစွဲဆိုထားသည်။
၎င်းတို့ကို စွဲဆိုထားသည့်အမှုများနှင့်ပတ်သက်၍ အိုးဘိုအကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးများ၌ စစ်ဆေးနေခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်