
တပ်မတော်နှင့် CDF - မင်းတပ်အကြား ရိက္ခာသယ်သော ကားများကိုသာ အဝင်အထွက်စစ်ဆေး၍ သွားလာခွင့်ပြုမည်ဆိုသည့် အချက်အပါအဝင် နှစ်ဦးနှစ်ဖက် သဘောတူညီချက် ငါးချက်ရရှိခဲ့ကြောင်း CDF - မင်းတပ်အဖွဲ့က ဇွန် ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မင်းတပ်မြို့နယ်မြေခံတပ်မှ တာဝန်ရှိသူတစ်ဦးက “ဟုတ်ပါတယ်။ သူတို့ တင်ထားတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့နဲ့ CDF နဲ့ သဘောတူချက် ဒီငါးချက်ကတော့ အမှန်ပါပဲ” ဟု ပြောကြားသည်။
ယင်းထုတ်ပြန်ချက်တွင် စေ့စပ်ညှိနှိုင်းမှုသည့် မင်းတပ်မြို့နယ်အတွင်းရှိ တိုက်နယ် အားလုံး အကျုံးဝင်စေရန်နှင့် မင်းတပ်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများနှင့် မြို့ပေါ်တွင် လက်နက်ဖြင့် ကိုင်ဆောင်စောင့်ကြပ် စစ်ဆေးပစ်ခတ်ခြင်းများ မပြုလုပ်ရန်၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ တားဆီးခြင်းများ မပြုလုပ်ရန်၊ CDM ဝန်ထမ်းများကို အတင်းအကျပ် ဖိအားပေး၍ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်စေခြင်း မပြုလုပ်ရန် စသည့်အချက်များကို ဖော်ပြထားသည်။
ထို့ပြင် ပြည်သူလူထုအား ခြိမ်းခြောက်ခြင်း မပြုလုပ်ရန်နှင့် သဘောတူညီမှုများကို ထိခိုက်ပျက်စီးစေနိုင်မည့် ဆောင်ရွက်ချက်များကို မပြုလုပ်ရန် (ဥပမာ - မဟုတ်မမှန် သတင်း ဖြန့်ဝေ/ပြောဆိုမှုများ)၊ CDF - မင်းတပ်နှင့် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့၏ အွန်လိုင်းစာမျက်နှာတွင် ဝေမျှထားမှုများအတွက် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးက တာဝန်ယူကြောင်းနှင့် တစ်ဦးချင်း ပုဂ္ဂိုလ်များ၏ အွန်လိုင်းစာမျက်နှာတွင် မဟုတ်မမှန် ဝေမျှထားမှုများကို တာဝန် မယူကြောင်းလည်း ပါဝင်သည်။
ထို့အတူ ရိက္ခာသယ်သော ကားများကိုသာ အဝင်အထွက်စစ်ဆေး၍ သွားလာခွင့်ပြုမည်ဖြစ်ပြီး မင်းတပ်စစ်ဘေးရှောင်များအတွက် ရိက္ခာသယ်သောကားများ ဝင်ထွက်ရာတွင် တပ်မတော်ဘက်မှ တာဝန်ရှိသူနှင့် CDF - မင်းတပ်ဘက်မှ တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များကို ကြိုတင်သတင်း ပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“ ဒီအပေါ်မှာတော့ ဘာမှပြောစရာမရှိပါဘူး။ ကျွန်တော့်အနေနဲ့ ပြောဖို့ဆိုဖို့အခွင့် အရေးလည်း မရှိဘူး။ ကျွန်တော့်အနေနဲ့ ကျွန်တော်က နယ်မြေခံတပ်ကလည်း ဖြစ်တဲ့အတွက်ကြောင့် မြို့ပေါ်မှာရှိတဲ့အဖွဲ့တွေ သွားရေးလာရေး အခက်အခဲရှိရင် ကျွန်တော်နဲ့ ဆက်သွယ်လို့ရအောင်ဆိုပြီး ဖုန်းနံပါတ် ပေးလိုက်တာပါ” ဟု မင်းတပ်မြို့ နယ်မြေခံတပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်